နေပြည်တော် မေ ၁၁
ပြည်သူ့အတွက် ဒုတိယ
(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို
ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ဒီမိုကရေစီနိုင်ငံတွင် အစိုးရကို
ပြည်သူက ရွေးကောက်တင်မြှောက်ရပါကြောင်း၊ အစိုးရနှင့် ပြည်သူအကြားတွင် ဆက်သွယ်သည့် တာဝန်ကို
မီဒီယာက ဆောင်ရွက်ပေးရပါကြောင်း၊ မီဒီယာ၏ တာဝန်သည် မွန်မြတ်ပါကြောင်း၊ တိုင်းပြည်နှင့်
ပြည်သူ့အကျိုးကို မွန်မြတ်သည့် စေတနာဖြင့် ဆောင်ရွက်ရပါကြောင်း၊ သတင်းအချက်အလက် သိရှိပိုင်ခွင့်သည်
မီဒီယာသမားများအတွက် အရေးကြီး သည်ကို နားလည်သိရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ
ဝန်ကြီးဌာနများအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိနိုင်ရန်အတွက်
ဝက်ဘ်ဆိုက်များတွင် သတင်းအချက်အလက်များ တင်ပြနိုင်ရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၌
သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားပေးရန် သတင်းနှင့် ပြန်ကြားရေးဌာန များကို ဖွဲ့စည်းထားရှိရန်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းမီဒီယာသမားများ ပဋိပက္ခဒေသများသို့ သတင်း သွားရောက်ရယူနိုင်ရေးကိုလည်း
အခြေအနေပေးသလောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များရှိနေသေး သည်ကို အသိအမှတ်ပြုပါကြောင်း၊
သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် အဟန့်အတားဖြစ်နေသည့် ဥပဒေများကိုလည်း ပြင်ဆင်နိုင်ရန်
စဉ်းစားသုံးသပ်နေပြီး ပယ်ဖျက်သင့်သည်တို့ကို ပယ်ဖျက်ကာ အသစ်ရေးဆွဲသင့်သည်များကိုလည်း
အသစ်ရေးဆွဲရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍
ရက် ၁၀၀ ၊ ပထမ ၁ နှစ်တာ၊ ဒုတိယ ၁ နှစ်တာဟူ၍ သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မြန်မာနိုင်ငံတရားသူကြီးများ
အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တရားစီရင်ရေးကျင့်ဝတ်ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊
တရားစီရင်ရေး ကျင့်ဝတ်ထုတ်ပြန်နိုင်ခဲ့ခြင်းကြောင့် တရားသူကြီးများ၊ တရားရေးဝန်ထမ်းများသာမက
တရား စီရင်ရေးကဏ္ဍနှင့် ဆက်စပ် ပါဝင်သူအားလုံး တရားစီရင်ရေးစနစ်အပေါ် ပိုမိုသိရှိလာပြီး
ခိုင်မာသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း။
တရားရုံးနှစ်စဉ် အစီရင်ခံစာ
စာအုပ်များကို ထုတ်ပြန်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်
တရားရုံးနှစ်စဉ် အစီရင်ခံစာကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်
တရားရုံးနှစ်စဉ် အစီရင်ခံစာကို လည်း ၂၀၁၈ ခုနှစ် မေ (၂) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး
ဖြစ်ပါကြောင်း။
တရားရုံးနှစ်စဉ် အစီရင်ခံစာအုပ်ကို
ထုတ်ဝေခြင်းဖြင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်တို့၏ တရားစီရင်ရေးလုပ်ငန်းများ
ပွင့်လင်းမြင်သာပြီး တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ်
ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊
တရား စီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများပြည်သူသိရှိလာစေရန် ရည်ရွယ်
ချက်ဖြင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ အစီရင်ခံစာ
စာအုပ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၀က်ဆိုဒ်တွင် တင်ပြထားပြီးဖြစ်ပါကြောင်း။
အများပြည်သူဆိုင်ရာ သတင်းအချက်အလက် ၀န်ဆောင်မှုအပိုင်းအနေဖြင့် အသိပညာ ပြန့်ပွားရေးအတွက် ပြည်သူလူထု လက်ဝယ်သို့ တရားရုံး လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာဇ၀တ်အကြောင်း သိကောင်းစရာ၊ တရားမ အမှုအကြောင်း သိကောင်းစရာ၊ စာချွန်လွှာအကြောင်း သိကောင်းစရာ၊ သင့်အတွက် တရားရုံး ဆိုသည့် လက်ကမ်း စာစောင်များကိုလည်း ပြည်သူလူထုသိရှိရန် ဆောင်ရွက် လျက်ရှိပါကြောင်း။
အများပြည်သူဆိုင်ရာ သတင်းအချက်အလက် ၀န်ဆောင်မှုအပိုင်းအနေဖြင့် အသိပညာ ပြန့်ပွားရေးအတွက် ပြည်သူလူထု လက်ဝယ်သို့ တရားရုံး လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာဇ၀တ်အကြောင်း သိကောင်းစရာ၊ တရားမ အမှုအကြောင်း သိကောင်းစရာ၊ စာချွန်လွှာအကြောင်း သိကောင်းစရာ၊ သင့်အတွက် တရားရုံး ဆိုသည့် လက်ကမ်း စာစောင်များကိုလည်း ပြည်သူလူထုသိရှိရန် ဆောင်ရွက် လျက်ရှိပါကြောင်း။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
လုပ်ငန်းဆောင်ရွက်နေမှုအပိုင်းများကိုလည်း တက္က သိုလ်ကျောင်းသား၊ ကျောင်းသူများ ပြင်ပမှအဖွဲ့အစည်းများကို
လာရောက်လည်ပတ် လေ့လာခွင့်ပေးခဲ့ပါကြောင်း၊ သတင်းမီဒီယာသမားများ အတွက် တရားရုံး သတင်းမီဒီယာ
လက်စွဲစာအုပ် ဖြန့်ဝေပေးခဲ့ပါကြောင်း၊ သတင်းမီဒီယာနှင့် ဆက်ဆံရာတွင် ဆက်ဆံရေး ကောင်းမွန်စေရေးအတွက်
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သတင်းမီဒီယာအထူး သင်တန်းများ ဖွင့်လှစ်ပို့ချ ခဲ့ပါကြောင်း၊
၂၀၁၇ ခုနှစ်အတွင်း တရားရုံးနှင့် သတင်းမီဒီယာ ထိတွေ့ဖြေကြားမှု အကြိမ် ၁၅၀ကျော် ရှိခဲ့ပါကြောင်း၊
သတင်းမီဒီယာနှင့် တရားရုံးများ အကြား ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်နိုင်ခဲ့ပါကြောင်း။
ဥပဒေပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက်
၂၀၁၇ ခုနှစ် အတွင်း အလုပ်သင်ရှေ့နေ (၁၈၁၆)ဦး၊ အထက်တန်း ရှေ့နေ (၈၇၉)ဦးကို အသိအမှတ်ပြု
လက်မှတ် များ ထုတ်ပေးနိုင်ခဲ့သည့်အပြင် တရားလွှတ်တော်ရှေ့နေ (၂၃၅၂)ဦးကိုလည်း ပြည်ထောင်စု
တရားလွှတ်တော်ချုပ် တရားသူကြီးများ ကိုယ်တိုင် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်
ခဲ့ပါကြောင်း။
တရားသူကြီးများ အရည်အသွေးမြှင့်တင်ရန်အတွက်
နိုင်ငံတကာသို့ ပြည်ပ ပညာတော်သင် (၁၂) ဦး၊ နိုင်ငံတကာတွင် ပြုလုပ်သည့် ပြည်ပအစည်းအဝေးပွဲများသို့
သင်တန်းသား (၁၁၈) ဦး၊ နိုင်ငံတကာနှင့် ပြုလုပ်သည့် ပြည်တွင်း အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများနှင့်
သင်တန်းများသို့ သင်တန်းသား (၁၄၄) ဦးတို့ကို စေလွှတ်ပေးနိုင်ခဲ့ပါ ကြောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်၏
လမ်းညွှန်ချက်အရ Judicial College ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ
ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြည်ထောင်စုတရားလွှတ်တော် ချုပ်သည် မြန်မာ့တရားစီရင်ရေးကို
ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်နှင့် တရားရုံးများ ခေတ်မီအောင်ဆောင်ရွက်ရန် အတွက်
တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၁၅−၂၀၁၇ ကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊
နိုင်ငံတော်အစိုးရ၏ ၂ နှစ်တာကာလအတွင်း တရားစီရင်ရေးဆိုင်ရာ ပြုပြင်မှုများကို မဟာဗျူဟာစီမံကိန်း၏
ဒုတိယနှစ် (၂၀၁၆)နှင့် တတိယနှစ်(၂၀၁၇) လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊
တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းအသစ် ၂၀၁၈ − ၂၀၂၂ ကိုလည်း စတင်အကောင် အထည်ဖော်နေပါ
ကြောင်း။
ရှေ့ပြေးတရားရုံးအစီအစဉ်
တရားရုံးများရှိ ကြန့်ကြာမှုခင်းများ
လျော့ချ၍ တရားရုံးစွမ်းရည်မြင့်မားလာစေရန်အတွက် ခေတ်မီ အမှုသွားအမှုလာ စီမံခန့်ခွဲသည့်
လုပ်ထုံးလုပ်နည်းများ၊ ပြည်သူများ တရားမျှတမှုနှင့် တရားရုံး သတင်းအချက်အလက်များ လွယ်ကူစွာ
လက်လှမ်းမီရေးအတွက် အထောက်အပံ့များ၊ အစီအစဉ်များကို စမ်းသပ်အကောင်အထည်ဖော်ရန် ရည်ရွယ်၍
ရှေ့ပြေးတရားရုံးအစီအစဉ်ကို လှိုင်သာယာ၊ ဘားအံမြို့နယ်တရား ရုံးများ၊ တောင်ငူခရိုင်
တရားရုံးတို့တွင် ၂၀၁၅ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ချမ်းအေးသာဇံ၊ မကွေး၊ ပုသိမ် မြို့နယ်တရားရုံးများ၊
မုံရွာနှင့် မော်လမြိုင်ခရိုင် တရားရုံးတို့တွင် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် လည်းကောင်း
စတင် အကောင်အထည် ဖော်ခဲ့ပါကြောင်း။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က
အမှုသွားအမှုလာစီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်၍ ရာဇဝတ်မှုများနှင့်
တရားမမှုများတွင် အမှုမစစ်ဆေးမီ မှုခင်းစီမံခန့်ခွဲမှုကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ အမှု
အမျိုးအစားခွဲခြားခြင်း၊ အမှုစစ်ဆေးရန် ကြာမြင့်ချိန်သတ်မှတ်ခြင်း၊ အသုံးပြုမည့် စည်းမျဉ်းများ
မှုခင်းကြာမြင့်မှုလျော့ချခြင်း လုပ်ထုံး လုပ်နည်းများ ချမှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။
တရားရုံးတွင်စွဲဆိုသည့်
မှုခင်းများ၏ အချက်အလက်များထည့်သွင်းခြင်း၊ စစ်ဆေးဆဲ အမှုများ၏ သက်တမ်းကို စောင့်ကြည့်ခြင်း၊
မှုခင်းအခြေအနေတင်ပြခြင်း၊ မှုခင်းစီမံခန့်ခွဲမှု အချက်အလက်ပြုစုခြင်းတို့ကို ကွန်ပြူတာများအသုံးပြု၍
ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် တရားရုံးအသုံးပြုသူများ၏ တရားရုံးဝန်ဆောင်မှုများအပေါ်
ကျေနပ်မှုကို စစ်တမ်းကောက် ယူခြင်း ပြုလုပ်ခဲ့ပါကြောင်း။
တရားရုံးအဆင့်ဆင့်၏
မှုခင်းဆောင်ရွက်မှုအခြေအနေ
တစ်နိုင်ငံလုံး၏ အမှုပြီးပြတ်မှုနှုန်းမှာ
၉၆ ရာခိုင်နှုန်းဖြစ်ပြီး ကနဦးရှေ့ပြေးတရားရုံးများ ၏ အမှုပြီးပြတ်မှုနှုန်းမှာ ၉၈ ဒသမ
၅ ရာခိုင်နှုန်း၊ တိုးချဲ့ရှေ့ပြေးတရားရုံးများ၏ အမှုပြီးပြတ်မှု နှုန်းမှာ ၉၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်၍
ရလာဒ်ပိုမို ကောင်းမွန်သည် ကို တွေ့ရပါကြောင်း၊ ရှေ့ပြေးတရားရုံးအစီအစဉ် အောင်မြင်မှုရရှိသဖြင့်
မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို တစ်နိုင်ငံလုံး ရှိ တရားရုံးများတွင် အကောင်အထည်ဖော်
ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း။
အဆိုပါ တရားရုံးများ၏
ဆောင်ရွက်ချက်များကို ၂၀၁၈ ခုနှစ် မေလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၇ ခုနှစ် တရားရုံး
နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး တရားရုံးနှစ်စဉ် အစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
website http://www.unionsupremecourt.gov.mm၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊
ပြည်သူ့ဆက်ဆံရေး ဌာနခွဲ @ousc.publicrelations လူမှုကွန်ယက်တွင် ရယူနိုင်ပါကြောင်း။
တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာ
ပြောင်းလဲသတ်မှတ်ခြင်း
၂၀၁၇ ခုနှစ်အတွင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး နှစ် ရုံးဖွင့်လှစ်၍ စီရင်ပိုင်ခွင့်အာဏာများ
အပ်နှင်းခဲ့ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၇ ဖြင့် လောက်ကိုင်ခရိုင် တရားရုံးအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
တရားရုံးအဖြစ် ပြောင်းလဲသတ်မှတ်ခြင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်
၆၆၉/၂၀၁၇ ဖြင့် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး ဖွဲ့စည်း၍ စီရင်ပိုင်ခွင့်အာဏာ
အပ်နှင်းခဲ့ပါကြောင်း။
ဥပဒေလုပ်ထုံးလုပ်နည်းဆောင်ရွက်ချက်များ
၂၀၁၇ ခုနှစ်အတွင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီမံခန့်ခွဲရသော ဥပဒေ (၅၂) မျိုးအနက် ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိစေရန်
ဥပဒေ (၄) ခုအား ပြင်ဆင် ခြင်းနှင့် နည်းဥပဒေထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊
အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်
၂၁/၂၀၁၇)၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၃/၂၀၁၇)၊ မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေကို
ပြင်ဆင် သည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၄/၂၀၁၇)၊ ခရစ်ယာန်ထိမ်းမြား ခြင်း
ဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၅/၂၀၁၇) ဥပဒေဆိုင်ရာ
အထောက်အကူ ပေးရေးနည်းဥပဒေ (ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာ စာအမှတ်
၁၀၁၉/၂၀၁၇) တို့ ဖြစ်ပါကြောင်း။
အကျဉ်းထောင်၊ ရဲဘက်စခန်းများနှင့်
ရဲတပ်ဖွဲ့အချုပ်ခန်းများအားစစ်ဆေး ကြည့်ရှုခြင်း
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ
ပုဒ်မ ၆၇ နှင့် ၆၈ တို့အရ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ တိုင်းဒေသကြီး/
ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ ခရိုင်တရားသူကြီးများအနေဖြင့်
အကျဉ်းထောင်များသို့ (၆၁) ကြိမ်၊ ရဲတပ်ဖွဲ့အချုပ်စခန်းများသို့ (၄၄၅) ကြိမ်၊ ရဲဘက်စခန်းများသို့
(၂၆) ကြိမ် သွားရောက် စစ်ဆေး၍ အချုပ်ခံနေရသူများ၊ ပြစ်ဒဏ်ကျ အကျဉ်းသူ/ အကျဉ်းသားများ
အတွက် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခံစားနိုင်ရေးနှင့် အမှုများ
စစ်ဆေးစီရင်ရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးတို့အတွက် လိုအပ်ချက်များကို
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါကြောင်း။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
"တရားမျှတရေး အတူတကွ မြှင့်တင်ပေး" (Advancing Justice Together) ဆိုသည့်
ဆောင်ပုဒ်နှင့်အတူ မြန်မာနိုင်ငံတရားစီရင်ရေး၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၁၅-၂၀၁၇)ကို
ချမှတ်ကာ လူတိုင်းသို့ အရည် အသွေးမြင့် တရားမျှတမှုများကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ်
ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်
ဆောင်ရွက်ခဲ့ပါ ကြောင်း။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
သုံးနှစ်တာ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၅-၂၀၁၇)၏ အတွေ့အကြုံနှင့် အောင်မြင်မှုများအပေါ်
အခြေပြုပြီးနောက် ပြည်သူလူထု၏ ဖြစ်ပေါ်လျက်ရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့်
မြန်မာ့ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်
"အားလုံးအတွက် တိုးတက်ကောင်းမွန်သောတရားမျှတမှုဆီသို့" ဆောင်ပုဒ်ဖြင့် တရားစီရင်ရေး
ဆိုင်ရာ မဟာဗျူဟာစီမံကိန်းအသစ် (၂၀၁၈ - ၂၀၂၂) ကိုချမှတ် ၍ ဆောင်ရွက်နေပါကြောင်း ရှင်းလင်းပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏
ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ
လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် အဓိက လုပ်ငန်းနှစ်ခုကို
တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသရှိ ပညာ ဆက်လက် သင်ကြားနိုင်ခြင်း မရှိသည့်
ကလေးများအတွက် အသက်မွေးမှု သင်တန်းကျောင်းများကို ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊
ထို့ပြင် နယ်စပ်ဒေသများရှိ ကလေးများအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ် ၁ ခု၊ ဒီဂရီ ကောလိပ်
၂ ခု ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါကျောင်းများမှ ကျောင်းဆင်းလူငယ်များသည်
သက်ဆိုင်ရာ ၀န်ကြီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံ မြောက်ပိုင်း
ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်းရှိ ခေါင်လန်ဖူး ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက်
မဂွေဇ - ခေါင်လန်ဖူး လမ်း(၆၅/၄)မိုင်ကို ဖောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါလမ်းကို
၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ လေးနှစ်စီမံကိန်းဖြင့် မဂွေဇ-ငါ့လုံဒမ် လမ်းပိုင်း(၂၅/၄)မိုင်၊
ငါ့လုံဒမ်-ရီဒမ်းလမ်းပိုင်း(၁၈/၄)မိုင်နှင့် ရီဒမ်း-ခေါင်လန်ဖူး လမ်းပိုင်း(၂၁/၄)မိုင်ကို
ကျောက်ချောလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နယ်စပ်ဒေသများတွင်
သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ရှမ်းပြည်နယ် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုကျောင်း
အသစ် ၄ ကျောင်းကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်များကို
ပခုက္ကူနှင့် ပုသိမ်မြို့တို့၌ ဖွင့်လှစ် သင်ကြားခဲ့ရာ သင်တန်းသူ ၁၅၀ ကို အသိအမှတ်ပြု
လက်မှတ်ပေးအပ်နိုင်ခဲ့ပါ ကြောင်း၊ ထို့ပြင် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအတွက်
လေ့လာရေး ခရီးစဉ်များ ကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏
ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ရှင်းလင်းပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏
၂၀၁၆-၂၀၁၇ ခုနှစ်အထိ တိုးတက်မှု အနေဖြင့် ၄၀ မဂ္ဂါဝပ် ရှိ မြစ်သာရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊
၅၀ မဂ္ဂါဝပ်ရှိ သီလ၀ါ ဓာတ်အားပေး စက်ရုံ၊ ၁၃၃ မဂ္ဂါဝပ်ရှိ မြင်းခြံ ဓာတ်အားပေးစက်ရုံတို့ကို
တည်ဆောက်ပြီးစီးခဲ့သည့်အပြင် မော်လမြိုင် စက်ရုံ၌ Gas Turbine ကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊
၇၈ မဂ္ဂါဝပ်ရှိ Combined Cycled Power Plant ကို ၂၀၁၆-၂၀၁၇ တွင်လည်းကောင်း စက်တပ်ဆင်ပြီးစီး
ခဲ့ကြောင်း။
၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၁၁၈ မဂ္ဂါဝပ်ရှိ သထုံဓာတ်အားပေးစက်ရုံ၊ ၁၀၆ မဂ္ဂါဝပ် ရှိ သာကေတ ဓာတ်အားပေးစက်ရုံနှင့် ၂၂၅ မဂ္ဂါဝပ်ရှိ မြင်းခြံ Sembcorp ဓာတ်အားပေး စက်ရုံ စုစုပေါင်း ၃ ရုံ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် မတ်လအထိ ကျေးရွာပေါင်း ၂၇၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇ သိန်းကျော် ဓာတ်အား ရရှိခဲ့ကြောင်း၊ ဓာတ်အားလိုင်း ရှင်းလင်းမှုအနေဖြင့် ၄၅ ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဓာတ်အားဆုံးရှုံး မှုကို ၃ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အထိ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ရေးစက်ရုံများမှ ၅၅၃၈ ဒသမ ၇၁ မဂ္ဂါဝပ် ထုတ်လုပ်ပေး နိုင် ခဲ့ကြောင်း၊ ၎င်းတို့တွင် အသေးစားရေအား လျှပ်စစ်စက်ရုံငယ်များမှ ၃၄ ဒသမ ၁၇ မဂ္ဂါဝပ်နှင့် ဒီဇယ်စက်ရုံများမှ ၈၇ ဒသမ ၆၃ မဂ္ဂါဝပ်တို့ ပါဝင်ကြောင်း။
၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၁၁၈ မဂ္ဂါဝပ်ရှိ သထုံဓာတ်အားပေးစက်ရုံ၊ ၁၀၆ မဂ္ဂါဝပ် ရှိ သာကေတ ဓာတ်အားပေးစက်ရုံနှင့် ၂၂၅ မဂ္ဂါဝပ်ရှိ မြင်းခြံ Sembcorp ဓာတ်အားပေး စက်ရုံ စုစုပေါင်း ၃ ရုံ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် မတ်လအထိ ကျေးရွာပေါင်း ၂၇၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇ သိန်းကျော် ဓာတ်အား ရရှိခဲ့ကြောင်း၊ ဓာတ်အားလိုင်း ရှင်းလင်းမှုအနေဖြင့် ၄၅ ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဓာတ်အားဆုံးရှုံး မှုကို ၃ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အထိ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ရေးစက်ရုံများမှ ၅၅၃၈ ဒသမ ၇၁ မဂ္ဂါဝပ် ထုတ်လုပ်ပေး နိုင် ခဲ့ကြောင်း၊ ၎င်းတို့တွင် အသေးစားရေအား လျှပ်စစ်စက်ရုံငယ်များမှ ၃၄ ဒသမ ၁၇ မဂ္ဂါဝပ်နှင့် ဒီဇယ်စက်ရုံများမှ ၈၇ ဒသမ ၆၃ မဂ္ဂါဝပ်တို့ ပါဝင်ကြောင်း။
အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက်(National
Electricity Master Plan-NEP) အရ ၂၀၁၅ ခုနှစ်တွင် ၂၅၂၇ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ၂၀၂၀
ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ် တိုးတက်သုံးစွဲ မည်ဖြစ်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၂၀၀၄
မဂ္ဂါဝပ် ရှိမည်ဖြစ်ကြောင်း၊ နှစ်စဉ် နွေရာသီကာလအတွင်း အမြင့်ဆုံးသုံးစွဲခဲ့သည့် ဓာတ်အားလိုအပ်ချက်အား
ဓာတ်အား ပေးစက်ရုံ များမှ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ယင်းထုတ်လုပ်မှုများတွင် နှစ်စဉ်တိုးတက်
သုံးစွဲလာသည့် ဓာတ်အားတောင်းခံ မှုများကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ထားရသည့်
ဓာတ်အားတောင်းခံမှုများ ရှိကြောင်း၊ အဆိုပါဓာတ်အား တောင်းခံလျှောက်ထားမှုများအား အပြည့်အဝ
ဖြည့်ဆည်းပေးပါက တိုးတက်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်း အထိ ရှိလာမည်ဖြစ်ကြောင်း။
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်
၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ်အထိ ကမ်းလွန်လုပ်ကွက်အသစ် ၆ ခုနှင့် ကုန်းတွင်း လုပ်ကွက်အသစ်
၎ ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်း လုပ်ကွက်ပေါင်း
၁၀၄ ကွက်ကို သတ်မှတ် လုပ်ကိုင်ခွင့် ပြုထားကြောင်း။
ပြင်သစ်နိုင်ငံ
TOTAL ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံ SIEMENSA.G ကုမ္ပဏီတို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့်
တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသတွင် ၁၂၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် LNG to Power စီမံကိန်းကို
ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co.,Ltd နှင့်
မြန်မာနိုင်ငံ Supreme Trading Co.,Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊
မီးလောင်ဂျိုင်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် LNG to Power စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊
ထိုင်းနိုင်ငံ TTCL Public Company Limited ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊
အလုံတွင် ၃၅၆ မဂ္ဂါဝပ်ထွက်ရှိမည့် LNG to Power စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinohydro Corporation Limited နှင့် မြန်မာနိုင်ငံ
Supreme Trading Co.,Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင်
၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို
ဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိရေနံချက် စက်ရုံ
၃ ရုံအနက် ချောက်နှင့် သံပုရာကန် စက်ရုံနှစ်ရုံသာ လည်ပတ် လျက်ရှိရာ တစ်နေ့လျှင် ရေနံ
ဂါလန် သုံးသိန်းခွဲခန့်သာ ချက်လုပ်နိုင်ကြောင်း၊ ပြည်တွင်းရှိ စက်ရုံများ၏ သက်တမ်းမှာ
နှစ်ကာလ ကြာရှည်ခြင်း၊ ဒီဇိုင်းအရ ခေတ်မမီခြင်းတို့ကြောင့် ထွက်ရှိလာသော ဓာတ်ဆီ၊ ဒီဇယ်ဆီများမှာ
ခေတ်မီ မော်တော်ယာဉ်များတွင် ထည့်သွင်း သုံးစွဲရန် မသင့်ခြင်း၊ ပြည်တွင်းသုံးစွဲမှု
လိုအပ်ချက် များပြားခြင်းတို့ကြောင့် နှစ်စဉ်ရေနံ ထွက်ပစ္စည်း ဂါလန် တန်ချိန် ၄ သန်းခန့်ကို
ပြည်ပမှ ၀ယ်ယူသုံးစွဲနေရကြောင်း။
ပြည်တွင်းရှိ ရေနံချက်စက်ရုံများကို
ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ပြည်တွင်းလို အပ်ချက်ကို ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း၊
စီးပွားရေးတွက်ချေကိုက်သည့် အရွယ်အစားရှိပြီး ခေတ်မီနည်းပညာရပ်များဖြင့် အရည်အသွေးမြင့်
ရေနံထွက် ပစ္စည်းများ ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံအသစ် တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကိုလည်း
ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း။
ဓာတ်မြေသြဇာ စက်ရုံ
ငါးရုံရှိပြီး စက်ရုံ နှစ်ရုံမှာ သဘာဝဓာတ်ငွေ့လုံလောက်စွာ မရရှိ၍ ရပ်ဆိုင်းထားကြောင်း၊
လည်ပတ် လျက်ရှိသော စက်ရုံ သုံးရုံမှာ စက်စွမ်းအား ကျဆင်းလာခြင်းကြောင့် စီးပွားဖြစ်တွက်ချေကိုက်
ထုတ်လုပ်ရန် ရုန်းကန်လျက် ရှိပြီး ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်းမရှိကြောင်း၊
ပြည်တွင်း လိုအပ်ချက်မှာ နှစ်စဉ် ဓာတ်မြေသြဇာ တန်ချိန် ၁၂ သိန်းဝန်းကျင်ခန့်ရှိပြီး
စက်ရုံများမှ ၁ ဒသမ ၂ သိန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် စီးပွားဖြစ် တွက်ခြေ ကိုက်သော
စက်ရုံများဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ရေနံဓာတ်ငွေ့ရည်ကဏ္ဍ
ဖြန့်ဖြူးထုတ်လုပ်မှု တိုးတက်စေရေးအတွက် LPG Terminal တစ်ခုကို ပုဂ္ဂလိက ကုမ္ပဏီများနှင့်
ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် အိမ်ထောင်စု ၁ သန်းအား ရေနံဓာတ်ငွေ့ရည်
တိုးချဲ့ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့်
ပြည်တွင်း၌ လျှပ်စစ် ဓာတ်အားသုံးစွဲမှု လျော့ကျရေး၊ သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရေးအတွက်
ထင်းမီးသွေး သုံးစွဲမှုကို အစားထိုး နိုင်ရေးနှင့် ကျေးလက်မြို့ပြ ပြည်သူအားလုံး သုံးစွဲနိုင်ရန်
ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်သူ့အတွက်
ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို
သက်ဆိုင်ရာဌာနအလိုက် ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ဟန်မင်းကြူ (သတင်းစဉ်)

No comments:
Post a Comment