နေပြည်တော် မေ ၁၆
နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု
လွှမ်းခြုံအားကောင်းလာစေရန် Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ
ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာ
စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နေရာဒေသများသို့ ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းရောက်ရှိစေရေးနှင့် ပြည်သူအများစု လက်လှမ်းမှီသည့် ကျန်းမာရေး
စောင့်ရှောက်မှုစနစ် ပေါ်ပေါက်လာစေ ရေးအတွက် ရွေ့လျားဆေးအဖွဲ့များ၏ အခန်းကဏ္ဍသည်
အရေးကြီးပါကြောင်း၊
ရွေ့လျားဆေးအဖွဲ့ ဆောင်ရွက်ခြင်းအားဖြင့်
ပြည်သူများ၏ လိုအပ်ချက်များ ကို ပိုမိုတုံ့ပြန် ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊
ကျန်းမာရေးစနစ်ကို ပိုမိုအထောက် အကူပြုနိုင်ခြင်း၊ ရောဂါဖြစ်ပွားမှုကို
စောစီးစွာသိရှိနိုင်ခြင်းနှင့် ဆောလျင်စွာ ကုသပေးနိုင်ခြင်း၊ သာမာန်ရောဂါများကို
ကုသပေးခြင်းကြောင့်လည်း တောရွာနေပြည်သူများ၏ လုပ်ငန်းဆောင်တာများ မထိခိုက်စေခြင်း၊
လိုအပ်ပါက အချိန်မီလွှဲပြောင်း ကုသပေးနိုင်ခြင်းတို့ကို ပိုမိုဆောင်
ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အသက်အန္တရာယ်ရှိသော အခြေအနေရှိသည့် လူနာများကို
စောစီးစွာကုသပေးနိုင်ခြင်းဖြင့် မသေသင့်သည့် လူနာများ မသေဆုံးရခြင်း၊
ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများကိုပါ တစ်ပါတည်း
ဆောင်ရွက်နိုင်သည့်အတွက် တောရွာနေပြည်သူများ၏ ကျန်းမာရေးအသိပညာများ တိုးပွားလာပြီး
ပိုမိုကျန်းမာလာစေနိုင်ခြင်း စသည့်အကျိုး ရလဒ်များ ရရှိမည်ဖြစ်ကြောင်း၊
ဤသို့ ရွေ့လျားဆေးအဖွဲ့ကို
ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များ၏
အခြေအနေများကို ထည့်သွင်း စဉ်းစားပြီး
- အဖွဲ့တွင်ပါဝင်သင့်သည့် ကျန်းမာရေး
ဝန်ထမ်း အမျိုးအစားနှင့် အရေအတွက်၊
- ဆောင်ရွက်ပေးမည့်
ကျန်းမာရေးစောင့်ရှောက်မှု အမျိုးအစား၊
- ဆေးနှင့်ဆေးပစ္စည်းလိုအပ်ချက်
- ကွင်းဆင်းဆောင်ရွက်သင့်သည့်
အကြိမ်အရေအတွက်
- ဆောင်ရွက်ပေးသင့်သည့်နေရာများကို
သေချာစွာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊
ဤရွေ့လျားဆေးအဖွဲ့များသည်
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းရှိ အထွေထွေ
ရောဂါကုဆရာဝန်အဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်သူလူထု အခြေပြု
အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများနှင့် မည်သို့ပူးပေါင်း
ဆောင်ရွက်နိုင်မည်ဆိုသည်ကို စဉ်းစားရန်လိုအပ်ပါကြောင်း၊
မိမိအနေဖြင့်
ကျေးလက်တောရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးအပ်နိုင်ရန်အတွက်
ကျေးလက် ကျန်းမာရေးဌာန၊ ဌာနခွဲများ၏ ပကတိတည်ရှိနေသော ဝန်ထမ်း အင်အား၊
ဆေးနှင့်ဆေးပစ္စည်း၊ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်သော နယ်မြေဒေသနှင့်
လုပ်ငန်း စွမ်းဆောင်နိုင်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်ပြီး လိုအပ်သည်များ
ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊
အခြေခံကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မော်တော်ဆိုင်ကယ် များ ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း။
အခြေခံကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မော်တော်ဆိုင်ကယ် များ ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊
ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ
ဦးစီးဌာနများအနေဖြင့်လည်း ရွေ့လျားဆေးအဖွဲ့ လုပ်ငန်းများတွင် မည့်ကဲ့သို့
ပါဝင်ဆောင်ရွက် နိုင်မည်ဆိုသည်ကို ဆွေးနွေးအကြံပြုကြစေ လိုကြောင်း၊
ရွေ့လျားဆေးအဖွဲ့ ဆောင်ရွက်ရန်အတွက် သွားလာစရိတ်နှင့် စားစရိတ်များ
ထောက်ပံ့ပေးနိုင်ရန်အတွက် လိုအပ်သောဘဏ္ဍာရန်ပုံငွေကို တွက်ချက်လျာထားရန်
လိုအပ်ကြောင်း၊ ယနေ့ညှိနှိုင်းအစည်းအဝေးမှပေါ် ထွက်လာသော အကြံဉာဏ်များ၊
ဆွေးနွေးချက်များကို အခြေခံ၍ စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း
ပြောကြားခဲ့ပါသည်။
ယင်းနောက် အဆိုပါအစည်းအဝေးပွဲသို့
တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ
တာဝန်ရှိသူများက -
- ရွေ့လျားဆေးအဖွဲ့များ
လုပ်ငန်းဆောင်ရွက်ရန်အတွက် ခရီးသွား လာစရိတ်နှင့် စားစရိတ်စသည်တို့ကို ထောက်ပံ့
ပေးရန် လိုအပ်မှု၊
- ရွေ့လျားဆေးအဖွဲ့များတွင် အထူးကုဆရာဝန်များပါဝင်ခြင်း၏
အကျိုး/အပြစ်များ၊
- ဒေသခံအာဏာပိုင်များ၊ ပြည်သူများနှင့်
ပူးပေါင်းဆောင်ရွက်ရန် အရေးပါမှုနှင့်
- ဖြစ်ပေါ်နိုင်သော စိန်ခေါ်မှုများနှင့်
အခက်ခဲများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment