Wednesday, May 16, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးအားတွေ့ဆုံ




နေပြည်တော် မေ ၁၆

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ် ကြီး H.E Mr. Ichiro Maruyama နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ အစိုးရတို့အကြား ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ်လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊ ရန်ကုန်မြို့ပတ် ရထားလမ်းများအား ပို၍ အဆင်ပြေစေရေး အရှေ့-အနောက်နှင့် တောင်-မြောက် မီးရထား လမ်းသစ် ဖောက်လုပ်နိုင်ရန် အတွက် JICA မှ Feasibility Study ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ရန်ကုန် မြို့ရှိ ကျိုက္ကဆံ စီမံကိန်းအား G to G စီမံကိန်းအဖြစ် ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment