Friday, May 18, 2018

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ


ရန်ကုန် မေ ၁၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Wang Zhengwei ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့ ညနေ ၅ နာရီခွဲက လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အမျိုသားလွှတ်တော်၊  လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်လတ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တာဝန်ရှိသူတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment