Thursday, May 10, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တရုတ်−မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စင်္ကြံအကောင်အထည် ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်


ပုသိမ်  မေ 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ  စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယမန်နေ့ နံနက်(၁၀)နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းများနှင့် တရုတ်−မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စင်္ကြံကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်း လုပ်ဆောင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးလှမိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုစင်္ကြံ အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်လို သည့် ကုမ္ပဏီများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တရုတ်−မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစင်္ကြံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက တရုတ်နိုင်ငံ၏ One Belt One Road အောက်တွင် EconominCooredoor အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပင်လယ်ထွက်ပေါက် ရှိသည့်နေရာ တိုင်းသည် နောက်ပိုင်းတွင် Cooredoor အဖြစ် ပါဝင်မှာ ဖြစ်ပြီး မေ ၁၄ ရက်တွင် နှစ်နိုင်ငံနား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် နောက်ဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည် ဖြစ်ကြောင်း၊ ဧရာတီတိုင်းဒေသကြီး အစိုးရအနေဖြင့် တရုတ်−မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စင်္ကြံတွင် ထည့်သွင်းစဉ်းစားလိုသည့် စီမံကိန်းများ ရှိပါက တိုင်းဒေသ ကြီးလည်း အကျိုးရှိ ရင်းနှီးမြှုပ်နှံသူများလည်း အကျိုးရှိစေရန် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါ ကြောင်း၊ စသည်ဖြင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံ အကောင်အထည်ဖော် ရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ရမည့် နယ်ပယ်အသီး သီးနှင့် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် တက်ရောက် လာကြသည့် ကုမ္ပဏီများမှ ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများအားတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံဖြိုးရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်များသို့ သွားရောက် စစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ကိစ္စများအား မှာကြားသည်။
ထို့နောက် ပုသိမ်စက်မှုမြို့တော် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးရာ စက်မှုမြို့တော် တည်ဆောက်ရေး တာဝန်ခံများမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment