Sunday, May 20, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ထားဝယ်ခရိုင်နှင့် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး




ထားဝယ် မေ ၂၀ 
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နေ့လယ်ပိုင်းတွင် ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိပြီး ထားဝယ်ခရိုင်နှင့် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်များအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နေ့လယ်ပိုင်းတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန Community Centre အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုနှင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။ 
မွန်းလွဲပိုင်းတွင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများက ၄င်းစာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးငယ်များအား ပုံပြင်စာအုပ်များနှင့် ကစားစရာ အရုပ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရိုက်ကူးပေးပို့သူ - ခိုင်ထူး ( ပြန် / ဆက် )

No comments:

Post a Comment