Monday, May 14, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး အား တွေ့ဆုံ


နေပြည်တော်  မေ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes အား ယနေ့ ညနေပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ အကြံပေးဘုတ်အဖွဲ့၏ အကြံပြုချက်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်မည့် စံပြကျေးရွာတစ်ခု တည်ထောင်ရေး ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စစ်တွေ ပြည်သူ့ဆေးရုံ တိုးချဲ့တည်ဆောက်ရေး နော်ဝေနိုင်ငံမှ ကူညီထောက်ပံ့နေသည့် ကိစ္စများ၊ အားလုံအကျုံးဝင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ရပ်ထူထောင်ရေးကိစ္စများ၊ ပစ္စည်းကိရိယာစုံလင်စွာ ပါဝင်သည့် ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်းများဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေးကိစ္စများ၊ မိုင်းအန္တရာယ် အသိပညာ ပေးရေး အပါအဝင်နှင့် မိုင်းအန္တရာယ်လျှော့ချရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ (Nowaygian People Aids) အဖွဲ့မှ မြန်မာနိုင်ငံအား ကူညီပေးရန် နားလည်မှုစာချွန်လွှာရေးထိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  
 (သတင်းစဉ်)

No comments:

Post a Comment