နေပြည်တော် မေ ၁၄
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်
ယနေ့ မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ နော်ဝေနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms.Tone
Tinnes နှင့် အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု
ရှေ့နေချုပ်ရုံးနှင့် နော်ဝေနိုင်ငံတို့အကြား ပညာသင်ဆုနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာဥပဒေဘွဲ့သင်တန်းများသို့
ဥပဒေအရာရှိများ စေလွှတ်တက်ရောက်နိုင်မှု၊ ရေနံနှင့်စွမ်းအင်ကဏ္ဍ၊ ငါးလုပ်ငန်းတို့တွင် မြန်မာ-နော်ဝေ
နှစ်နိုင်ငံအကြား စာချုပ်များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကူညီဆောင်ရွက်ပေးမှုများ၊
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ လုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရခိုင်ဒေသ
တည်ငြိမ်ဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနယ်ပယ်များကို
နှစ်ဖက်ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment