Monday, May 14, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ


နေပြည်တော် မေ ၁၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (National Development and Reform Commission-NDRC)၊ Foreign Capital and Overseas Investment ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. ZhengChiping နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၁နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ အခြေခံစီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းနှင့် သယ်ယူပို့ဆောင်မှု လုပ်ငန်းများ၊ လယ်ယာကဏ္ဍ စိုက်ပျိုးမွေး မြူရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်စီးပွားရေးဇုန်၊ စီးပွားရေးဇုန်များ ထူထောင်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေး ကျင်းပကာ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment