နေပြည်တော် မေ ၁၈
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ Assistant Secretary-General Ms. Laura
Londen ဦးဆောင်၍ UNFPA Asia-Pacific Regional Director Mr. Bjorn Andersson နှင့်
UNFPA မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Ms. Janet Jackson တို့ အဖွဲ့အား ယနေ့ နံနက်
၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် သန္ဓေတားနည်းလမ်းများကို လွပ်လပ်စွာ ရွေးချယ်နိုင်ရေးနှင့်
ကျန်းမာရေးဌာနများ၏ မျိုးဆက်ပွား ကျန်းမာရေးနှင့် မိသားစု သားဆက်ခြားရေး ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း
အခြေအနေ လေ့လာ ဆန်းစစ်မှု စစ်တမ်းမှ ပေါ်ထွက်လာသော တွေ့ရှိချက်များကို သုံးသပ်၍ လိုအပ်သလို
ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့်
ကယားပြည်နယ်ရှိ နေရာဒေသ အချို့တွင် မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး အပါအဝင် ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုလက်လှမ်းမီ ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လိုမှု၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် UNFPA တို့မှ မိခင်နှင့်
မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍများ အတွက် လိုအပ်သော ဘဏ္ဍာ ရန်ပုံငွေနှင့် အခြား
ထောက်ပံ့ကူညီမှုများကို ဆက်လက် ပေးအပ်မှု၊ မိခင်သေဆုံးမှု စောင့်ကြပ် ကြည့်ရှုခြင်းနှင့်
တုံ့ပြန်ဆောင်ရွက်ခြင်းမှ တွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန်းစစ်
သုံးသပ်၍ လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမည့် ကိစ္စ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့်
UNFPA နှင့် ပူးပေါင်း၍ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး၊ မိသားစု သားဆက်ခြားစီမံကိန်းများ
အပါအဝင် လုပ်ငန်းများ အောင်မြင်စေရန် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:
Post a Comment