Tuesday, May 22, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 5th India- CLMV Business Conclave 2018 သို့ တက်ရောက်




နေပြည်တော် မေ ၂၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် အဆင့်မြင့် အရာ ရှိများ၊ ပုဂ္ဂလိက ကဏ္ဍမှ စီးပွားရေး ကိုယ်စားလှယ်များသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ မေ ၂၁ ရက် မှ ၂၂ ရက်အထိ ကျင်းပသည့် 5th India- CLMV Business Conclave 2018 သို့ တက်ရောက်ခဲ့သည်။ Business Conclave 2018 ၏ ဖွင့်ပွဲ အခမ်းအနားကို မေ ၂၁ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံနှင့် CLMV နိုင်ငံများမှ စီးပွားရေး ဆိုင်ရာ ဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်ကလည်း အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့်မြို့ပြ လေကြောင်း ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Suresh Prabhu နှင့် သီးခြား တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင် ရွက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Pan Sorasak မှ တည်ခင်း ဧည့်ခံသော အလုပ်သဘော နေ့လည်စာ စားပွဲသို့တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို သီးခြားစီ ကျင်းပပြု လုပ်ရာ မြန်မာကိုယ်စားလှယ်များမှ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment