Tuesday, May 22, 2018

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne မှ လာရောက်တွေ့ဆုံ




နေပြည်တော် မေ ၂၂ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သီရိလင်္ကာ သံအမတ်ကြီးက သီရိလင်္ကာနိုင်ငံ၏ ဘာသာရေး အခမ်းအနားများ တွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံမှ လိမ္မာယဉ်ကျေးသည့်ဆင်များ လှူဒါန်းပေးသည့်အတွက် ကျေးဇူး တင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျွန်းသစ်သည် သီရိလင်္ကာနိုင်ငံ တွင် လူကြိုက်များပါကြောင်း၊ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ကျွန်းသစ် အရောင်းအဝယ် ကိစ္စများနှင့် မြန်မာ့ကျောက်မျက် ရတနာများ အရည် အသွေး မြှင့်တင် သည့် နည်းပညာဆိုင်ရာ ကိစ္စများ၌ လက်တွဲဆောင် ရွက်နိုင်မည့် အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment