မိုင်းဖြတ် ဧပြီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်
တိုင်းရင်းသားလူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှုဓလေ့များကို မြတ်နိုးတန်ဖိုးထားလာစေရန်နှင့်
ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု
ဓလေ့ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ
လူထုအခြေပြုဗဟိုဌာန (Community Center)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
ဦးစိုင်းကျောက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသက်လွင်တို့က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို
ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များ ပြုစုထိန်းသိမ်းနိုင်ရေး၊ လူထုအခြေပြုဗဟိုဌာန (Community Centerုကို အဆင့်မြှင့်တင်နိုင်ရေး
စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍
အသီးသီး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့်
ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ
ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုကော်မတီဝင်များ၊ မြို့မိ၊
မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှောလမွန် (ပြန်/ဆက်)
No comments:
Post a Comment