Tuesday, April 10, 2018

မြစ်သားမြို့ ရဲတပ်ဖွဲ့မှ သင်္ကြန်ကာလအတွင်း ပြည်သူများ သတိပြုရမည့် အသိပညာပေး ဗီနိုင်း ဆိုင်းဘုတ် စိုက်ထူ



မြစ်သား ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးအတွက် ရေဝန်း-မြင်းခြံလမ်းနှင့် မြစ်သားမြို့အဝင်ရှိ သံလမ်း လမ်းဆုံတွင် သင်္ကြန်ကာလအတွင်း ပြည်သူများ သတိပြုရမည့် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ယနေ့ နံနက် ၁၀ နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရဲအုပ် နိုင်ဝင်း ဦးစီးသော တပ်ဖွဲ့ဝင်များက အသိပညာပေး ဗီနိုင်း ဆိုင်းဘုတ်များကို  စိုက်ထူပြီး လေ့လာဖတ်ရှုကြသော အများပြည်သူတို့အား ယာဉ်မောင်းသူများလိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့် အသိပေး နှိုးဆော်ချက်များ၊ မှုခင်းကျဆင်းရေးများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန်၊ ယာဉ်မောင်းသူများ လိုက်နာရန်နှင့် မူးယစ်ဆေးဝါးများ အသုံးမပြုကြရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့် အချက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment