ဖားဆောင်း
ဧပြီ ၁၁
ဖားဆောင်းမြို့နယ်
ဝမ်အောင်း ကယားကျေးရွာသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖားဆောင်း မြို့နယ်ရုံးမှ
ပြည်သူ့အကျိုးပြု နယ်လှည့်ဝန်ဆောင်မှု ကွင်းဆင်း ဆောင်ရွက်ခြင်းကို ကျေးရွာရှိ လင်းရောင်ခြည်
စာကြည့်တိုက်၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
ကယားပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစန်းနွယ်က
စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး စာဖတ်ခြင်း၏ အကျိုးနှင့် လူငယ်လူရွယ်များ ဘဝအားမာန်
ရှိစေမည့် စာစုများ အကြောင်း ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်က မိမိတို့ဘဝ တိုးတက်မြှင့်မားရေးအတွက်
စာပေ ဖတ်မှတ် လေ့လာနိုင်ကြရန် ဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက်
ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစန်းနွယ်မှ
ကျေးရွာစာကြည့်တိုက်တွင် လိုအပ်သည့် စာအုပ်စာစောင်များ ဝယ်ယူရန်အတွက် အလှူငွေ ငါးသောင်းကျပ်နှင့်
စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းခြင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့်
ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး
စုပေါင်း
မှတ်တမ်း
ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
မြို့နယ်ပြန်/ဆက်(ဖားဆောင်း)

No comments:
Post a Comment