မယ်စဲ့
ဧပြီ ၁၁
ကယားပြည်နယ်
ဘော်လခဲခရိုင် မယ်စဲ့မြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းအရ စီမံကိန်းထောက်ပံ့ငွေဖြင့်
ဆောင်ရွက် ပြီးစီးခဲ့သော ကျေးရွာခန်းမဆောင်များ ဖွင့်ပွဲကို ဧပြီ ၁၀
ရက် နံနက် ၁၀ နာရီတွင် နန့်မန်းကျေးရွာ၌ လည်းကောင်း၊ မွန်းလွဲ ၁ နာရီ
တွင် ဟိုစဲ့ကျေးရွာ၌ လည်းကောင်း ကျင်းပခဲ့သည်။
အခမ်းအနားသို့
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ
စကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော့စ်ကိုက စီမံကိန်းလုပ်ငန်းများအကြောင်း
ရှင်းလင်းပြောကြားသည်။ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး
ဦးကျော်သူအောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး
ပြည်နယ်အစိုးရအဖွဲ့မှ နန့်မန်းကျေးရွာခန်းမဆောင်နှင့် ဟိုစဲ့ကျေးရွာ ခန်းမဆောင်တို့တွင်
လိုအပ်သော ပလတ်စတစ်ထိုင်ခုံ အလုံး ၅၀ အတွက်
ငွေကျပ် သုံးသိန်း စီ၊ သင်္ကြန်ကာလ စတုဒိသာ ကျွေးမွေး ရန်အတွက် ငွေကျပ် သုံးသိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်၊ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသန်း လင်းလင်း၊ ကျေးရွာ
စီ/ထောက် ကော်မတီဥက္ကဋ္ဌတို့က ကျေးရွာခန်းမ
ဆောင်များကို ဖဲကြိုးဖြတ် ဖွင့်လှစ် ကသည်။
နန့်မန်းကျေးရွာ
ခန်းမဆောင်သည် (၃၀×၇၀×၁၂)ပေရှိပြီး လူထုဗဟိုပြု
စီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် စီမံကိန်းထောက်ပံ့ငွေကျပ် ၂၂၃ သိန်းကျော်ဖြင့် လည်းကောင်း၊
ဟိုစဲ့ကျေးရွာ ခန်းမဆောင်သည် (၃၀×၇၀×၁၂)ပေ ရှိပြီး စီမံကိန်းထောက်ပံ့ငွေကျပ် ၂၀၉ သိန်းကျော်ဖြင့်
လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ
သည်။
ဝတ်ရည်(ပြန်/ဆက်)
No comments:
Post a Comment