မိုးမိတ်
ဧပြီ ၁၁
နိုင်ငံတော်
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ် ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း
အရေးပါသော ကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်လျက်ရှိရာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ
လိုအပ်လာသော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေးကို ရေတို ရေရှည် စီမံကိန်းများ ချမှတ်
ဆောင်ရွက်လျက်ရှိသည်။
မိုးမိတ်ခရိုင်၊
မိုးမိတ်မြို့နယ်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် ၆၆/၁၁ ကေဗွီ ၊ (၅)အမ်ဗွီအေ မိုးမိတ်ဓာတ်အားခွဲရုံနှင့်
(၂၄)နာရီ မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊
မိုးမိတ်မြို့နယ်၊ မြို့မ ပြည်သူ့ အားကစားကွင်းတွင် ဧပြီ ၁၁ ရက် နံနက် ၈ နာရီ အချိန်တွင်
ကျင်းပခဲ့ရာ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်
စက်မှုဝန်ကြီး ဦးဆွေသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က
လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ
မြို့မိမြို့ဖ ဦးမြင့်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍
မိုးမိတ်မြို့ပေါ်ရပ်ကွက်များ လမ်းမီး တပ်ဆင်ရေးအတွက် လမ်းမီးအစုံ(၃၆)စုံအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်
ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိန်းက ပေးအပ်လှူဒါန်းရာ မိုးမိတ်ခရိုင်
အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက လက်ခံရယူသည်။
ထို့နောက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိန်း၊
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ
ညီညီအောင်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးတိုးသောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ရီရီဝင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊
ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်တို့က ၆၆/၁၁ ကေဗွီ ၊ (၅)အမ်ဗွီအေ မိုးမိတ်ဓာတ်အားခွဲရုံကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးရာ မိုးမိတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲ ဆိုင်းဘုတ်အား ရှမ်းပြည်နယ်
အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဝန်ကြီးတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်အတွင်း
လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် နိုင်ငံတော်အစိုးရ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု အစိုးရ ရန်ပုံငွေဖြင့် မိုးကုတ် - မိုးမိတ် ၆၆ ကေဗွီ ၂ ဓာတ်အားလိုင်းအား
ကျပ် သန်းပေါင်း (၁၉၇၂)သန်း နှင့် ၆၆/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ မိုးမိတ် ဓာတ်အားခွဲရုံအား
ကျပ်သန်းပေါင်း (၂ဝ၂၄.၃၆ဝ)သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုဖွင့်လှစ်ပေးလိုက်သည့် ဓာတ်အားခွဲရုံသည်
မိုးမိတ်မြို့နယ်အတွင်း မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ(၁၄)ရွာတွင် မှီတင်း နေထိုင်လျက်ရှိသော
အိမ်ထောင်စု(၁၃၇၄၉)စု အနက် အိမ်ထောင်စု (၄၈ဝ၁)စုခန့်ကို
လျှပ်စစ်ဓာတ်အား (၂၄)နာရီရရှိအောင် ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ရပ်ကွက်/
ကျေးရွာများမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ဘက်စုံ၊
ကဏ္ဍစုံ ဖွံ့ဖြိုးရေးအတွက် အခြေခံကောင်းများ ပေါ်ပေါက်လာရုံသာမက လူငယ်များအတွက် အလုပ်အကိုင်
အခွင့်အလမ်းများလည်း ဖြစ်ထွန်း ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်/ပြန်ဆက်
No comments:
Post a Comment