နေပြည်တော်
ဧပြီ ၁၀
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှုများကို
ရှင်းလင်းအသိပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့
ယနေ့ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၌
အဖွဲ့ဝင်များအဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံ
အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့မှ
ဒေါက်တာလှထွန်း၊ ဦးသန်းလွင်နှင့် ဦးတင်မြင့်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်
အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ Dr.Surakiart Sathirathai နှင့်
တာဝန်ရှိသူများ လိုက်ပါသွား သည်။
သတင်းစဉ်

No comments:
Post a Comment