Tuesday, April 10, 2018

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနားကျင်းပ


နေပြည်တော်၊ ဧပြီ ၁၀
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်၊ သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း၊ ကန်ဦးကျောင်းတိုက်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ၄င်းတို့၏ ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော် သြ၀ါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တ ၀ိစာရိန္ဒာ ဘိဝံသနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ “ရွှေကျင်”၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယဘဒ္ဒန္တ၀ိလာသအား ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါန သရဏဂုံ ပေးခြင်းမင်္ဂလာများ ဆောင်ရွက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက် ကပ်လှူဒါန်းခဲ့ကြ သည်။
ထို့အတူ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ရတနာစံ ပရိယတ္တိစာသင်တိုက်တို့တွင်လည်း ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါနသရဏဂုံပေးခြင်း မင်္ဂလာများအား ဆောင်ရွက်ကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment