နေပြည်တော်
ဧပြီ ၁၀
ကိုရီးယား
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) ၏ ကူညီ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော
ဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာ အုပ်စု၊
မဲဒီးကျေးရွာတွင် လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍမှ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း
လုပ်ငန်းကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
“ဆယ်မားအူးလ်အွန်ဒုံစီမံကိန်း
လုပ်ငန်းတွင် ပါဝင်သည့် လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့်
ဝင်ငွေ တိုးပွားရရှိရေး စသည့် လုပ်ငန်းသုံးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရပ်မိ၊
ရပ်ဖများနှင့် ကျေးရွာနေ ပြည်သူများကို နားလည် သဘောပေါက်အောင် ရှင်းလင်းချပြပြီး ကျေးရွာပြည်သူ
လူထု၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း
ကျေးရွာနေပြည်သူများ၏ စုပေါင်းအင်အားဖြင့် အားလုံးပါဝင်စေပြီး ငွေကြေးသုံးစွဲမှုများကိုလည်း
ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖေါ်
ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း” မဲဒီးကျေးရွာ ဆယ်မားအူးလ်အွန်ဒုံ စီမံကိန်း ကော်မတီ
ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။
ယခုဆောင်ရွက်လျက်ရှိသည့်
မဲဒီးကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်(၈၀၀)ပေ၊ အကျယ် (၁၂) ပေ၊ ထု (၈)လက်မရှိပြီး
ဆယ်မားအူးလ်အွန်ဒုံစီမံကိန်းမှ ရရှိငွေကျပ် (၁၀၉)သိန်းကျော် အကုန်ကျခံကာ ကျေးရွာနေပြည်သူများ၏
စုပေါင်းလုပ်အားဖြင့် ဧပြီလ(၇)ရက်နေ့မှ စတင်၍ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်
(၅၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


No comments:
Post a Comment