နေပြည်တော်
ဧပြီ ၁၀
ဒက္ခိဏခရိုင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင်
ဒက္ခိဏသီရိ မြို့နယ်၊ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ဆည်စု ကျေးရွာသို့ သွားရောက်၍ ကျေးလက်နေ
ပြည်သူများအား နယ်လှည့် စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိကြောင်း
သိရသည်။
အဆိုပါ
နယ်လှည့်စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင်(၂၀၀)ကျော် ပါရှိပြီး ကျေးလက်နေ ပြည်သူများ
ငှားရမ်း ဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်(၁၀၀)ကျော်ကို ငှားရမ်းပေးခဲ့သည်။ ယင်းငှားရမ်းပေးခဲ့သည့်
စာအုပ်များကို ရက်သတ္တပတ် (၁)ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ပြန်လည်၍ လဲလှယ် ငှားရမ်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment