ဂန့်ဂေါ ဧပြီ ၁၂
ဂန့်ဂေါမြို့နယ် တဇန်းကျေးရွာတွင် ဧပြီ ၉ ရက်နေ့က
လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ၁၉ လုံးတို့တွင် အမိုးနှင့်အကာများ ပျက်စီးမှုဖြစ်ခဲ့ရာ
အဆိုပါ ပျက်စီးသည့် အိမ်ထောင်စုများထံ ထောက်ပံ့နိုင်ရေး ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ထံ ထောက်ပံ့ငွေနှင့်
ထောက်ပံ့ပစ္စည်းများ ဧပြီ ၁၁ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ပေးအပ်ခဲ့ကြောင်း
သိရသည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို
ပျက်စီးဆုံးရှုံးသူများထံ ပေးအပ်ထောက်ပံ့ပွဲကို ဧပြီ ၁၂ ရက် နံနက်က တဇန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်
ပြုလုပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက အမှာစကား ပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဒုတိယဦးစီးမှူး ဒေါ်ခင်စန္ဒာစိုးနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
ဒုတိယဦးစီးမှူး ဒေါ်အေးအေးတို့က လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးသွားသည့် အိမ်ထောင်စုများထံ
လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့သည်။
ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ လေဘေးသင့် အိမ်ထောင်စုများအတွက်
တစ်အိမ်ထောင်လျှင် ထောက်ပံ့ပစ္စည်း ၉ မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ၅၀၀၀၀ ကျပ်နှုန်းတို့အပြင်
ဆန်ဖိုးအဖြစ် လူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့်
၆၃ ဦး အတွက် ဆန်ဖိုးငွေများ ထောက်ပံ့ခြင်း ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဦးစီးဌာနမှ ဒေါ်သူဇာဝင်း၏ ပြောပြချက်အရ သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment