Thursday, April 12, 2018

သုံးခွမြို့၌ မီး​လောင်​ကျွမ်းခံရသည့်​ အိမ်​​ထောင်​စုဝင်​(၅)ဦးတို့အား​ ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှူး ဦးစီးဋ္ဌာနက ​ထောက်​ပံ့​ကြေး​ပေးအပ်


သုံးခွ ဧပြီ ၁၂

ရန်​ကုန်​တိုင်း​ဒေသကြီး ကယ်​ဆယ်​​ရေးနှင့်​ပြန်​လည်​​နေရာချထား​ရေးဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး ညွန်​ကြား​ရေးမှူး ဦးတင်​လှိုင်​နှင့်​အဖွဲ့က သုံးခွမြို့ အမှတ်​(၉) ရပ်​ကွက်​၊ အလံတိုင်​ တိုးချဲ့ကွက်​သစ်​၊ လူထုလမ်းသွယ်​(၁)၊ ခြံအမှတ်​(၂၉)​နေ​ ဒေါ်မိုး(ခ)​ ဒေါ်လှမိုး၏​နေအိမ်​တွင်​ မီးကြွင်းမီးကျန်​မှ ဧပြီ(၁၁)နံနက်​(၁၁)နာရီ(၁ဝ)မိနစ်​၌ မီး​လောင်​ကျွမ်းမှုဖြစ်​ပွားခဲ့ရာ မီး​လောင်​ကျွမ်းခံရသည့်​ အိမ်​​ထောင်​စုဝင်​ ငါးဦးတို့အား​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှူးဦးစီးဌာနက​ ထောက်​ပံ့​ကြေး​ငွေနှင့်​​ ထောက်​ပံ့ပစ္စည်းများ​ ပေးအပ်ခဲ့ကြ သည်​။


အခမ်းနားတွင်​ သုံးခွမြို့နယ်​ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန အုပ်​ချူပ်​​ရေးမှူး ဦးကိုကို​ဇော်​က အဖွင့်အမှာစကား ​ပြောကြားပြီး ​ဘေးအန္တရာယ်​ဆိုင်​ရာစီမံခန့်​ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးဝင်း​ရွှေက ​ထောက်​ပံ့ကြေး​ ပေးအပ်​ရခြင်းအ​ကြောင်းကို​ ပြောကြားသည်​။

ထို့​နောက်​​ ဒေါ်လှမိုး၏သစ်​သား နှစ်​ထက်​အိမ်​အတွက်​​ ငွေကျပ်​နှစ်​သိန်း(၂ဝဝ,ဝဝဝိ/-)နှင့်​​ ထောက်​ပံ့ ပစ္စည်းများ၊ ကျန်​အိမ်​​ထောင်​စု​လေးစုအား​ ငွေကျပ်​တစ်​သိန်း(၁ဝဝ,ဝဝဝိ-/)စီနှင့်​​ ထောက်​ပံ့ပစ္စည်းများ၊ (၇)ရက်​ စာရိက္ခာဖိုးအတွက်​ တစ်​ဦးလျှင်​တစ်​ရက်​စာ​ငွေကျပ်​ နှစ်​​ထောင့်​တစ်​ရာ (၂,၁ဝဝိ/-)နှုန်းဖြင့်​ လူဦးရေ(၂၄)ဦးအတွက်​​ ငွေကျပ်​ငါး​သောင်း​လေးရာ(၅ဝ,၄ဝဝိ/-)အား​ ပေးအပ်​ခဲ့ရာ အခမ်းအနားအပြီးတွင်​ မီးလောင်​ပြင်​သို့ အဖွဲ့လိုက်​ သွား​ရောက်​ကြည့်​ရှုခဲ့ကြ​ကြောင်း သိရသည်​။
သုံးခွမြို့ ပြန်​/ဆက်

No comments:

Post a Comment