Saturday, April 21, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဘားအံမြို့ မြို့ရေပေးဝေရေး၊ အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာများနှင့် စိုက်ပျိုးရေးကဏ္ဍများအတွက် ကွင်းဆင်းကြည့်ရှု


ဘားအံ ဧပြီ ၂၁
ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ (၂၁) ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်ကစတင်ကာ မြို့ရေပေးဝေရေး၊ အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာများနှင့် စိုကပျိုးရေးကဏ္ဍများအတွက် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံကိန်း (အပိုင်း-၁) ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးမှုနှင့် ပူပေါင်းဆောင်ရွက်ရေးအဖြစ် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေး အထောက်အပံ့ဆိုင်ရာချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဘားအံမြို့ ရေပေးဝေရေးလုပ်ငန်းတွင် သံလွင်မြစ်ရေမှ ရယူကာ ရေကြည်ရေသန့် စနစ်ဖြင့် ပြန်လည်ပေးဝေမည့် မြို့ရေပေးဝေရေး (ဘားမဲတောင်) စီမံကိန်းလုပ်ငန်း ဆောက်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သော ဆောက်လုပ်ရေးကမ္မဏီမှ တာဝန်ရှိသူများက စီမံကိန်းအရ ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဘားအံရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိ၍ သင်တန်းသူများ၏ ရက်ကန်း ရက်လုပ်နေမှုအား ကြည့်ရှုအားပေးပြီး ရက်ကန်း ကျောင်းအုပ်က ရက်ကန်းနှင့် သက်မွေးပညာသင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကျောင်းသို့ ရောက်ရှိပြီး ဆရာ/ဆရာမ များအား သင်ကြားမှုဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြပြီး ဘားအံမြို့နယ်၊ ဝါးဆူးကျေးရွာတွင်စိုက်ပျိုးရေး ဦးစီးဌာနနှင့် GMSAEDC တို့ ပူးပေါင်းဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးစီမံကိန်း နွေထည်ရေးခံခြင်း သစ်စိမ်းမြေသြဇာ ကြဲပက်ခြင်း သရုပ်ပြပွဲနှင့် တောင်သူပညာပေးပွဲသို့ တက်ရောက်ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူလယ်သမား များ၏ လယ်ယာကဏ္ဍဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ နောင်ဘိုကျေးရွာ၏ အိမ်ထောင်စု(၁၁၀)စုရှိသောနှင့်အနီး ၀န်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ ကုန်စည်စီးဆင်းမှုအတွက် သွားလာရေး အဆင်ပြေနေသည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ (VDP)ဖြင့် ငွေကျပ် သိန်း(၁ဝဝ)နှင့် ပြည်သူလူထုထည့်ဝင်ငွေ(၅.၆)သန်းဖြင့် ဆောင်ရွက်ထားသော လမ်းအရှည်(၁၀ဝဝ)ပေ၊ အကျယ် (၁၂)ပေရှိ ကွန်ကရစ် လမ်းအခြေအနေနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးပြီး ကျေးရွာအတွက် လိုအပ်ချက် တင်ပြတောင်းဆိုမှုများအား ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment