Tuesday, April 10, 2018

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကိုရီးယားနိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ


နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Lee Sang-hwa အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ ကူညီမှုဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံ ဥပဒေပြုရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်း စတင်ထုတ်လွှင့် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာရေးအတွက် ဥပဒေအသိ ပညာပေးလုပ်ငန်း၏ အရေးပါမှုနှင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် မူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ တရားစွဲနှင့်အမှုလိုက် လုပ်ငန်းများတွင် နည်းပညာဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ အခြားဥပဒေရေးရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်) 

No comments:

Post a Comment