Monday, March 5, 2018

UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး


နေပြည်တော် မတ် ၅
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဒုတိယအကျော့ သုံးသပ်မှုခံယူစဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သော အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးပွဲ ကို ယနေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက UPR အကြောင်းအကျဉ်းချုပ်နှင့် မြန်မာနိုင်ငံကလက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ ဆွေးနွေးပွဲတက်ရောက်သည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment