နေပြည်တော် မတ် ၅
ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် Internews Network မှ Country Director မိုက်ကယ် ပန်နှင့်
ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားနှင့် Internews Network တို့အကြား ရေးထိုးထားသည့် အပြန်အလှန် နားလည်မှု
စာချွန်လွှာ (MoU) နှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ Internews Network အနေဖြင့်
ယူနက်စကိုနှင့် ပူးပေါင်း၍ တောင်သူလယ်သမားများနှင့် ကျေးလက်ပြည်သူများအတွက် လိုအပ်သည့်
သိသင့်သိထိုက် သော အချက်အလက်များအား ပညာပေးနေမှု အခြေအနေ၊ ရုပ်သံလွှင့် မီဒီယာဥပဒေအား
ပြင်ဆင်ရေးဆွဲဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ Peace Journalism နှင့်ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များ၊
တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျင့်ဝတ်နှင့်ညီသော
Professional စာနယ်ဇင်းသမားများ ပေါ်ထွန်းလာစေရေး အတွက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးရေး
ကိစ္စရပ်များနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment