နေပြည်တော် မတ် ၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် စတုတ္ထ အကြိမ်မြောက်
မြန်မာ-အီးယူ လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဥရောပသမဂ္ဂ၏
လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
ဥရောပသမဂ္ဂအကြား လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မြှင့်တင်ရေးကဏ္ဍတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးနှင့်
ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment