နေပြည်တော် မတ် ၅
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပရာ မေးခွန်း(၆)ခု
မေးမြန်းဖြေကြားခြင်းနှင့် အဆို(၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် လမ်း၊
တံတားဆိုင်ရာမေးခွန်း ၆ ခုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက
ဖြေကြားသည်။
ငပုတောမဲဆန္ဒနယ်မှ
ဦးသန်းအောင်၏ ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ
မော်တင်စွန်းလမ်းသို့ဆက်သွယ်ထားသော ငရုတ်ကောင်း-ငရုတ်ကောင်း(တောင်)လမ်း အား ကွန်ကရစ်လမ်း
သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးရန်
မေးခွန်းနှင့်စပ်လျဉ်း၍ ငရုတ်ကောင်း(တောင်)- ငရုတ် ကောင်းလမ်း(၁၇) မိုင် (၆)ဖာလုံသည်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲသော
လမ်းဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်
ငရုတ်ကောင်းမြို့ တွင်းအပိုင်း (၁)မိုင်အား (၁၈)ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းမှာ
၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး (၁၂)မိုင် (၆) ဖာလုံအား ချောင်းကျောက်(၃)လက်မ ထုခင်းခြင်း
လုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လရန်ပုံငွေတွင် Box Culvert (၁)စင်း တည်ဆောက်ခြင်း၊ ရေပြွန်(၈)စင်း၏ပြိုကျနေသော မြေကာနံရံများပြုပြင်ခြင်း၊
ကျောက်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ၄ မိုင်
၂ ဖာလုံအား (၁၈)ပေအကျယ် ကွန်ကရစ် လမ်းအဆင့်တိုးမြှင့်ခြင်းနှင့် အန္တရာယ်ကုန်းဆင်းအကွေ့များအား
ရှောင်ကွင်း၍ လမ်းအူကြောင်း အသစ်ဖောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ထည့်သွင်း လျာထားပါကြောင်း နှင့်ရန်ပုံငွေရရှိမှုအပေါ်မူတည်၍
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မောက်မယ်မဲဆန္ဒနယ်မှ
ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ်မြို့နယ်၊
ဟိုနမ့် ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော ဟိုနမ့်-ထီဟန်းခွီး ရွာချင်း
ဆက်လမ်း၊ ဟိုနမ့်-ပြင်သာယာ- ပုန်းအောင်- ထီပျဉ် ရွာချင်းဆက်လမ်း၊ စဥ့်ဝင်ကျေးရွာ အုပ်စုရှိ
ရွာသစ်-နောင်ခမ်း ရွာချင်းဆက်လမ်းတို့ကို (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် မည်သည့်လမ်းအဆင့်ထိ
တိုးမြှင့်ဆောင်ရွက်ပေးမည်ကိုသိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်
မောက်မယ်မြို့နယ်အတွင်းရှိ ဟိုနမ့်-ထီဟန်းခွီး (ပွန်ချောင်း-ပင်ငို-ထီဟန်းခွီး)လမ်းနှင့်
ဟိုနမ့် -ပြင်သာယာ- ပုန်းအောင်- ထီပျဉ်လမ်းတို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်
ရန်ပုံငွေတွင်လည်းကောင်း၊ ရွာသစ်-နောင်ခမ်းလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင်
လည်းကောင်း ထည့်သွင်းလျာထားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မူတည်ပြီး လမ်း လုပ်ငန်းများကို
အဆင့်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏
မတူပီမြို့နယ် အမ်ဆွေး-မားဒူ- ဝေးလူမှ ကန်ပက်လက်မြို့နယ်
မကြားအိမ်နူးကျေးရွာကို ဖြတ်၍ မတူပီမြို့နှင့် ကန်ပက်လက်မြို့ မြို့နယ်ချင်းဆက်လမ်း
ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၂၀-၂၀၂၁ ခုနှစ်မတိုင်မီ
အဆိုပါလမ်းများအားလုံး မြေသားလမ်းပေါက်သွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။
ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့်၏
ဖြူးမြို့နှင့် စစ်တောင်းမြစ်ကမ်းပါးရှိ ဘန်းလောင်
ရွာသို့ ဆက်သွယ်ထားသည့်လမ်းမကြီး ကတ္တရာခင်းခြင်းလုပ်ငန်းအား ဆက်လက်ခင်း ပေးရန် အစီအစဉ်
ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နှင့် စစ် တောင်းမြစ်ကမ်းပါးရှိ
ဘန်းလောင်ရွာသို့ ဆက်သွယ်သောလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍
ကတ္တရာလမ်းအဖြစ်နှစ်အလိုက် အပိုင်းအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏
တမူးမြို့နှင့်ဟုမ္မလင်းမြို့သို့ ဆက်သွယ်ဖောက်
လုပ်ထားသော ပြည်ထောင်စု လမ်းမကြီးအား ရာသီမရွေးသွားလာနိုင်ရန် နန့်အယား ချောင်းကူးတံတားအား
မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နန့်အယားချောင်းသည်
မိုးတွင်းကာလ တောင်ကျရေစီးဆင်းမှုများရှိသည့် အတွက် ယာဉ်များသည် တောင်ကျရေအခြေအနေကိုစောင့်ဆိုင်း၍
သွားလာရပါကြောင်း၊ နွေ၊ မိုး၊ ဆောင်း ရေအမြဲစီးဆင်းနေသော ချောင်းဖြစ်သဖြင့် ရာသီမရွေးသွားလာနိုင်ရေးအတွက်
၁၅၂ မီတာအရှည် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ညောင်တုန်းမဲဆန္ဒနယ်မှ
ဦးအုန်းလွင်၏ ညောင်တုန်းမြို့နယ်အပါအဝင် ဆောက်
လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်နိမိတ်များကို မူလလမ်းနှင့် သတ်မှတ် ချက်
ပေ ၃၀၀ မှ ပေ ၁၅၀ လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာသော မြေလွတ်မြေလပ်များအား မည်သို့စီမံဆောင်ရွက်ထားသည်ကိုသိလိုကြောင်း
မေးခွန်းနှင့်စပ်လျဉ်း၍ လမ်း နယ်နိမိတ် ပြင်ဆင်သတ်မှတ်မှုများကြောင့် ဖြစ်ပေါ်လာသောမြေယာကိစ္စများနှင့်စပ်လျဉ်းပြီး
ယခင်သိမ်းယူခဲ့စဉ်ကာလက မြေယာ လျော်ကြေးပေးချေခဲ့ခြင်း ရှိ/မရှိ ကို ပြန်လည် စိစစ်လျက်ရှိပါကြောင်း၊
လျော်ကြေးပေးချေ၍ သိမ်းဆည်းခဲ့ခြင်းဖြစ်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံနိုင်ရေးအတွက်
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး လျော်ကြေး ပေးချေခဲ့ခြင်းမရှိပါက
မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
ယင်းနောက် မင်းကင်းမဲဆန္ဒနယ်မှ
ဦးမောင်မြင့်က “၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂)
ရက်နေ့ထုတ်သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန် ရေးကော်မတီ၊
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်းလုံခြုံရေးအခြေအနေ
ထုတ်ပြန်ချက်ပါအချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်ဆိုသည့်
ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း(၃)ခုမှ အိမ်ထောင်စု(၅၅)စုကို
ရန်ကုန်သို့ ပြောင်း ရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်း
ကြောင်း” အဆိုကို တင်သွင်းသည်။
ယင်းအဆိုကို လွှတ်တော်က
လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ် ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်
လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသိပေးကြေညာထားသည်။
ကျော်သူထက်

No comments:
Post a Comment