Monday, March 5, 2018

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၅
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr. Stavros Lambrinidis အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနှင့် EU အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခဲ့မှု အခြေအနေများ၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး ပူးပေါင်း ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံက ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ သုံးသပ်ချက်တစ်ခု ချမှတ်ဆောင်ရွက်ခဲ့သည့် အခြေအနေများအား ဦးစွာဆွေးနွေး ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းတည်ငြိမ် အေးချမ်းမှုရှိအောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ၌ အမည်မသိ ရုပ်အလောင်းများ တွေ့ရှိမှုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ရှိ/မရှိ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ဖြစ်စဉ်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက ဘင်္ဂါလီကျေးရွာ တစ်ရွာချင်း အား စည်းရုံးသိမ်းသွင်းခြိမ်းခြောက်ခဲ့မှု အပါအ၀င် ပြန်လည်လက်ခံရေးအတွက် အသင့်ဖြစ်နေမှုကိုတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment