နေပြည်တော် မတ် ၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
(၁၃) ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု
လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်အဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏
လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏
ဆွေးနွေး ချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း
နှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အကောက်အခွန် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များဆွေးနွေးခြင်းတို့ကို
ဆောင်ရွက်ကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော
၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အခွန်အကောက် ရရှိမှုအခြေအနေ အစီရင်ခံစာနှင့်စပ်လျဉ်း၍
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(
၎/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များအပေါ် ပြည်ထောင်စုဝန်ကြီး
ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးသာဦး၊ ဒေါက်တာ ထွန်းနိုင်၊ ဦးအောင်ထူး၊
ဦးမောင်မောင်ဝင်းနှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်တို့က ပြန်လည်ရှင်းလင်း ဆွေး နွေးကြသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က သစ်တောခွန်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ(၆)လပတ်
လျာထား ငွေ ကျပ် ၅၈၉ ဒသမ ၇၄၈ သန်းအပေါ် ငွေကျပ် ၁၈၁၁ ဒသမ ၅၄၆ သန်း ရရှိခဲ့ပါကြောင်း၊
တသီးပုဂ္ဂလမှ အခွန်ရငွေအနေဖြင့် ပထမ (၆) လပတ်
လျာထားငွေကျပ် ၃၇၆ ဒသမ ၈၁၀ သန်းအပေါ် ငွေကျပ်
၇၆၅ ဒသမ ၆၈၆ သန်း ရရှိခဲ့သဖြင့် သစ်တောကဏ္ဍမှ ပထမ ၆ လပတ် လျာထား ငွေကျပ် ၉၆၆ ဒသမ ၅၈၈
သန်းအပေါ် ငွေကျပ် ၂၅၇၇ ဒသမ ၂၃၂ သန်း ရရှိ ခဲ့သည့်အတွက် ပထမ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု
ရာခိုင်နှုန်း ၂၆၆ ဒသမ ၆၄ ဖြစ်ပါကြောင်း။
ဓာတ်သတ္တုခွန်နှင့် ရတနာခွန်အနေဖြင့် ပထမ
၆ လပတ် လျာထားငွေ ကျပ် ၁၃၅၇၀ သန်းအပေါ် ငွေကျပ် ၁၉၉၄၂ ဒသမ ၅၃၀ သန်း ရရှိခဲ့ပါကြောင်း၊
မုတ်ကောင်ဝတ် ဆံသွင်းအခွန်ရငွေအနေဖြင့် ပထမ ၆ လပတ် လျာထားငွေကျပ် ၃၂၀ ဒသမ ၀၀၀ သန်း
အပေါ် ငွေကျပ် ၂၅၂ ဒသမ ၆၈၆ သန်း ရရှိခဲ့သဖြင့် သတ္တု ကဏ္ဍမှ ပထမ ၆ လပတ် လျာထားငွေကျပ် ၁၃၈၉၀ ဒသမ ၀၀၀ သန်းအပေါ် ငွေကျပ် ၂၀၁၉၅ ဒသမ ၂၁၆ သန်း
ရရှိခဲ့ သည့် အတွက် ပထမ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု ရာခိုင်နှုန်း ၁၄၅ ဒသမ ၃၉ ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ပထမ ၆ လပတ်
အခွန်ကောက် ခံမှုတွင် မူလခန့်မှန်းခြေစာရင်းအရ ကောက်ခံရန် လျာထားငွေကျပ်သန်း ၁၅၀၀ ဒသမ
၃၈ သန်းဖြစ် သော်လည်း ၂၂၀၀ ဒသမ ၄၅၈ သန်း ကောက်ခံရရှိခဲ့ပါကြောင်း၊ ထိုသို့ ပိုမိုကောက်ခံရရှိမှုမှာ
အင်းလေလံ ရောင်းချရာ တွင် သတ်မှတ် ဈေးနှုန်းထက် ပိုမိုရရှိခြင်း၊ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများမှ
အခွန်များ ပိုမိုရရှိခဲ့မှုကြောင့် ဖြစ်ပါကြောင်း။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းမှ ဖမ်းဆီးရမိသည့် ရေထွက်ပစ္စည်းများကို
ပြည်ပ နိုင်ငံများသို့ F.O.B စနစ်နှင့် တင်ပို့ရောင်းချရာတွင် တနသာင်္ရီတိုင်းဒေသကြီး၊
မြိတ်မြို့စစ် ဆေးရေးစခန်းနှင့် ကော့သောင်းမြို့ စစ်ဆေးရေးစခန်းများတွင် စစ်ဆေးမှုခံယူစေခြင်း၊
ပြည်ပတင်ပို့သည့် ငါးသယ်လိုင်စင် ရယူစေခြင်း၊ တရားဝင်ဖမ်းဆီးရရှိသည့် ရေထွက်ပစ္စည်း
ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ရယူစေခြင်းတို့ဖြင့် စနစ်တကျ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း။
စစ်ဆေးရေးစခန်းများတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြား
မှုဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံရဲ
တပ်ဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အဖွဲ့ဝင်များ အဖြစ်ပါ ရှိသည့် One Stop Service အဖွဲ့ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း
ရှင်းလင်းတင်ပြသည်။
ထို့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု
လွှတ်တော် ငွေစာရင်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာပါ သဘောထား မှတ်ချက်များနှင့် လွှတ်တော်
ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ အခွန်အကောက်များ လျာထားသည့် အတိုင်း အပြည့် အဝရရှိရေး၊
အခွန်ယဉ်ကျေးမှုတိုးတက်ရေး၊ အခွန်တိမ်းရှောင်မူ များဖော်ထုတ်ရေး၊ အခွန်ပညာပေးရေး၊ အခွန်ဝန်ထမ်းများ
အဂတိလိုက်စားမှုမရှိစေရေး တို့အတွက် အကြံပြုဆွေးနွေးကြသည်ကို တွေ့ရ ပါကြောင်း။
အခွန်ရငွေတိုးတက်ရရှိရေးနှင့် ယခုထက်ပိုမို
အရှိန်မြှင့်တင်ဆောင်ရွက်ရန် သဘော ထား မှတ်ချက်ပြုထားသည်ကိုလည်း
တွေ့ရပါကြောင်း၊ အခွန်ထမ်းဆောင်မှု အလေ့အထ ပြန့်ပွား
တိုးတက်စေရေး အတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်း
ကြောင့် ပြည်သူများရရှိ စေနိုင်မည့်အခွင့်အရေးများကို ပြည်သူများပိုမို သိရှိစေရန်
ပညာပေးမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း။
အခွန်ငွေများတိုးတက်ရရှိရေးအတွက် အရှိန်မြှင့်ဆောင်ရွက်သကဲ့သို့
အခွန်ကျေပွန်စွာ ထမ်းဆောင် သူများကို အလေးထားပြီး
၎င်းတို့၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် အခွန် တိမ်းရှောင်မှု၊ ကုန်စည်များတရားမဝင်တင်သွင်းခြင်းနှင့်
ထုတ်လုပ်ရောင်းဝယ် ဖောက်ကား ခြင်းတို့ကိုလည်း ထိထိရောက်ရောက် ကာကွယ်တာဆီးရေးတို့ကို လုပ်ငန်းစဉ် ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ရသင့်ရထိုက်သော ကုန်သွယ်ခွန်များ ဆုံးရှုံးမှုမရှိစေရန် ၂၀၁၄ ခုနှစ်မှ စတင်၍ စား သောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်နှင့်
တည်းခိုးခန်းများတွင် ပြေစာအပေါ် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ခြင်း အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊
စက်သုံးဆီများကို ပြည်ပမှ တင်သွင်းစဉ်ကတည်းက သွင်းကုန်အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်
၅ ရာခိုင်နှုန်းကို အကောက်အခွန်ဦးစီးဌာနမှ အကောက်အခွန်နှင့်အတူ တစ်ပါတည်းကောက်ခံပေးခဲ့ပါကြောင်း၊
အခွန်ကြွေးကျန် ကောက်ခံမှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အစတွင် အခွန်အရပ်ရပ် ကြွေးကျန်
စုစုပေါင်း ငွေကျပ် ၁၄၉ ဒသမ ၉၃၈ ဘီလီယံရှိခဲ့ပြီး
၇၅ ဒသမ ၈၉၅ ဘီလီယံ ကောက်ခံရရှိ ခဲ့ကြောင်း၊
အခွန်ကြွေးကျန်များ ကောက်ခံရရှိနိုင်ရေးအတွက် ကျန်ရှိနေ သည့် အခွန်မပြေ ကျန်ငွေ အခွန်ကြွေးများအား ပေးသွန်းရန်အတွက် နေ့စဉ်ထုတ် သတင်း စာများမှ အသိပေး
ကြေညာခြင်း၊ ဒေသအလိုက်စဉ်ဆက်မပြတ် နှိုးဆော်ကောက်ခံခြင်း၊ ကွင်းဆင်း ကောက် ခံခြင်းများ
ဆောက်ရွက်လျက်ရှိပါကြောင်း၊ အခွန်အခြေ (Tax Base) ချဲ့ထွင်နိုင်ရေး အတွက် မြို့နယ်၊
တိုင်းဒေသကြီး၊ပြည်နယ်အလိုက် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး အခွန်ပေးဆောင် ထိုက်သူများ မကျန်ရှိစေရေးအတွက်
စီမံချက်များချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း။
၆ လပတ်အလိုက် အခွန်အကောက်အခြေအနေများကို
ပုံမှန်အစီရင်ခံတင်ပြသွားမည် ဖြစ်ပြီး ပြည်ထောင်စု အစိုးရ၏ အခွန်အကောက်ဆိုင်ရာမူဝါဒများ၊
အခွန်အကောက်ဥပဒေများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်
များ၏ ဆွေးနွေးအကြံပြုချက်များ၊ လက်တွေ့မြေပြင်အခြေအနေတွင် တွေ့ကြုံရသည့်အချက်များ
နိုင်ငံတကာပညာရှင်များ၏ သုံးသပ် အကြံပြုချက်များအပေါ် အခြေခံလျက် နိုင်ငံတော် နှင့်
ပြည်သူ့အတွက် အကျိုးအရှိဆုံး ဖြစ်စေမည့် အခွန် ကောက်ခံမှုစနစ်ကို ဆက်လက်ဖော် ဆောင်သွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းတင်ပြသည်။
အဆိုပါ အစီရင်ခံစာအား ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီဝင် ဒေါက်တာစိုင်းဆိုင် ကျောက်ဆမ် က အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူလက်ခံ အတည်ပြုကြောင်း
ဆုံးဖြတ်သည်။
ထို့နောက် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက အထူးကုန်စည်ခွန်နှင့်စပ်လျဉ်း၍ ဆေးလိပ်ကို ယခင်ကောက်ခံနှစ်နှုန်းထားထက်
ယခုနှစ်တွင် လျော့ချထားသည်ကို ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံများတွင်
ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေမည့် ဆေးလိပ်၊ အရက်ကဲ့သို့သော ကုန်စည်များ ထုတ်လုပ်မှုကဏ္ဍနှင့်
တင်သွင်း မှုကဏ္ဍလျော့ပါးစေရေးအတွက် အဆိုပါလုပ်ငန်းများကို မြင့်မားသောအခွန်နှုန်းထားများ
ကောက်ခံပြီး ထိန်းချုပ်ကန့်သတ်ထားပါကြောင်း၊ စီးပွားရေး အကျိုးထက် ပြည်သူကျန်းမာရေး
လူမှုရေးအကျိုးများကို ရှေ့ရှုကောက်ခံသည့် အခွန်တစ်ရပ် ဖြစ်ပါကြောင်း။
အစိုးရအနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို
အကူအညီအပေး လျက်ရှိရာ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသောကုန်ထုတ်လုပ်ငန်းများ တစ်ဖြည်းဖြည်းပြောင်း လဲလာရန် အားပေးသင့်ပါကြောင်း၊
အင်ဒိုနီးရှားနိုင်ငံ၏အတွေ့အကြုံကို အားကိုးပြီး အကောင်အ ထည်ဖော်ပါက မိမိတို့နိုင်ငံ၏
အခြေအနေလွမ်းမိုးမှုများကို လေ့လာသင့်ပါကြောင်း။ လှည်ပတ်သုံးစွဲနေသော ငွေပမာဏအနေဖြင့်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှထုတ်လုပ်ထားသော ပမာဏထက် အမှန်တကယ် လှည့်ပတ်နေသော ငွေသား
ပမာဏများပြားနေခြင်း၊ အချို့သောဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင် တိုင်းရင်းသား
အမည်ခံကာ ပြည်ပနိုင်ငံများမှ ငွေမဲများကို ငွေဖြူအသွင်လာရောက်လုပ်ကိုင်နေ ကြခြင်း၊
Wahhabi ငွေကြေးအကူအညီဖြင့် လုပ်ငန်းရှင်အချို့၏
နောက်ကွယ်မှ ထောက်ပံ့ ပေးခြင်း မူယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားငွေများစွာရှိနေခြင်း၊ နိုင်ငံတကာငွေကြေးခဝါချမှု ဥပဒေ ရှု ထောင့်မှ
စဉ်းစားရန် လိုအပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥပဒေအရ ဆောက်လုပ် ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအပေါ်
အခွန်သက် သာခွင့် ရရှိလျက်ရှိခြင်းတို့ ရှိနေပါကြောင်း။ သို့ဖြစ်ပါ၍ အဘက်ဘက်အချိန်ယူပြီး
ကြောင်းကျိုးသုံးသပ် ဆောင်ရွက်သင့်ကြောင်း အကြံပြု ဆွေးနွေးသည်။
မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း
က အခွန်သက်သာမှုပြုခြင်း၏ ရည်ရွယ် ချက်မှာ နိုင်ငံတော် စီပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊
စီးပွားရေးပြန်လည်တည်ဆောက်ရေး အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့်
နိုင်ငံသားများပူးပေါင်းပါဝင်စေရန် ရည်ရွယ်ချက်များဖြင့် အသစ်ဖြည့်စွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊
အမေရိကန်နိုင်ငံအပါအဝင် အချို့ နိုင်ငံများတွင်လည်း Tax Amnesty ကို လုပ်လေ့လုပ်ထရှိပါကြောင်း၊ မြန်မာနိုင်ငံအနေ
ဖြင့် အခွန်နှင့်ပတ်သတ်ပြီး ဆောင်ရွက်မှုရှိခဲ့သော်လည်း ပြည်သူများအနေဖြင့် အကြောင်းအမျိုး မျိုးကြောင့်
အခွန်မဆောင်ခဲ့မှုများရှိသည့်အတွက် ယခု ဥပဒေအရ ဆိုလျှင် တရားဝင်ဖြစ်သွား နိုင်ပါကြောင်း။
သို့သော်လည်းအခြားနိုင်ငံများတွင် အခွန်
စနစ်အလွန်ကောင်းမွန်နေသည်ကို တွေ့ရပြီး အကောင် အထည်ဖော်မှုအပိုင်း ကောင်းမွန် သည်ကိုတွေ့ရပါကြောင်း၊
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မှု အပိုင်းမှာ အလွန်အား နည်းနေသည်ကို တွေ့ရပါကြောင်း၊
အခွန်ပေး ဆောင်မည်ဆိုလျှင် မလွယ်ကူသည့် ကိစ္စများ၊
ယခုအချိန် အခွန်နှင့်ပတ်သက်သည့် ညှိနှိုင်း ဆောင်ရွက်မှုများရှိနေပါကြောင်း၊ ယခုဥပဒေ
ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင်တည်း ဥပဒေ အကောင်အထည်ဖော်မှုအပိုင်း ကိုရှင်းလင်းရန်
လိုအပ်ပါကြောင်း၊ တစ်ဆက်ထဲပင် အခွန် ရှောင်သည့်ကိစ္စရပ်များကို တစ်ပြိုင်တည်း ဆောင်ရွက်ရန်
လိုအပ်ပါကြောင်းဆွေးနွေးသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကအဆိုပြုခဲ့ သည့်
အခွန်အကောက် ဥပဒေကြမ်း ပုဒ်မ(၂၅)တွင် ဥပဒေကြမ်းကော်မတီက မူလဥပဒေ၏ ပြဋ္ဌာန်းချက်တွင် ပါသည့်အတိုင်း
ပြန်လည်ပြဋ္ဌာန်းရန်ပြင်ဆင်ထားပြီး အခန်း(၈)ကိုထပ်မံ
ဖြည့်စွက်ရန်ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ဥပဒေအရဆိုလျှင် ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံသားပိုင်ရှိနေသည့်
ငွေကြေးများနှင့် ပြည်တွင်း၌ ရှိနေသည့် မြန်မာနိုင်ငံသား ပိုင်ငွေ ကြေးများမှာ တရားဝင်ငွေဖြူဖြစ်လာနိုင်ပါကြောင်း၊
ယင်းငွေဖြူများကို မြန်မာနိုင်ငံထဲတွင် ရင်းနှီးမြှုပ်နှံပါက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို
အထောက် အကူပြုနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာပါက ပြည်တွင်းထုတ်လုပ်မှုတိုးတက် ပြီး မြန်မာနိုင်ငံ
GDP ကို တိုးတက်စေနိုင်မည် ဖြစ်ပါကြောင်း။
ထို့ပြင် ပြည်တွင်း၌စီးပွားရေးလုပ်ငန်းများတိုးတက်လာသည့်အတွက်
အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လင်းလာပြီး လူနေမှုအဆင်အတန်းကိုပိုမိုမြင့်မားလာစေ
နိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် ပြည်ပဘဏ်များတွင်ရှိနေသည့် မြန်မာနိုင်ငံသားပိုင်ငွေများနှင့်
ပြည်တွင်းမှာရှိနေသည့် ငွေမည်း များမှာ အင်တိုက်အားတိုက်ငွေဖြူဖြစ်မည်ဆိုပါက နိုင်ငံ
တော်အနေဖြင့်အခွန်လျှော့ပေါ့ပေးရကမှု၊ အကျိုးမဖြစ်ဘူးဟု ပြောရမည်ဖြစ်ပါကြောင်း။
နိုင်ငံအများစုမှာ အခွန်လွတ်ငြိမ်းချမ်းသာခွင့်
ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အခွန်ရခြင်း
ထက်နိုင်ငံတော်၏ ရေရှည်အကျိုးအတွက် ရင်းနှီးမြှုပ်နှံမှုများပေါ်ပေါက်လာစေရန် ဖြစ်ပါကြောင်း
ဆွေးနွေးသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို က အစုရှယ်ယာရှင်များနှင့်ပတ်သက်၍
မိမိတို့နိုင်ငံတွင် Stock Share မှာ မအောင်မြင်သေးသည့်အနေအထားမျိုးရှိနေသေးသည်ကို
တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ပြည်သူများ Stock Share များကိုသိရှိနားလည် စိတ်ဝင်စားမှုများအောင်
ဆောင်ရွက် ပေးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရေးနှင့်
ပြည်သူဘဝမြင့်မားတိုးတက်ရေးတို့ကို ကူညီရန်မှာ နိုင်ငံတော်အစိုးရတာဝန်ဟု ယူဆနိုင်သည့်အတွက်
Stock Shareကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရန် ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍများတွင် အများကြီး
တာဝန်ရှိသည်ဟု ယူဆပါ ကြောင်း ဆွေးနွေးသည်။
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒုတိယဗိုလ်မှူးကြီး အောင်ကျော် ဇော က ဝင်ငွေစည်းကြပ်မည့်နေရာတွင် အသေးစား၊ အလတ်စား
စီးပွားရေး လုပ်ငန်းရှင်များ လုပ်သာကိုင် သာရှိအောင် ဖြေလျော့မှုများကို ဘက်ပေါင်းစုံက စဉ်းစားပေး ရန်လိုအပ်ပါ ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်
နိုင်ငံတော်ကို အကောက်ခွန်၊ ကုန်သွယ်လုပ် ငန်းခွန်များကို
တစ်ဖက်တစ် လမ်းက ထမ်းဆောင်နေခြင်းဖြင့် လုပ်ငန်းဆောင် ရွက်ရန် ၀န်ထမ်းများခန့်အပ်ရမည်ဖြစ်ပြီး နိုင်ငံသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ
လည်း ရရှိစေမည် ဖြစ်ပါကြောင်း။
အခွန်အကောက်ဥပဒေ၏ ပုဒ်မ (၂၅)ပါ ပြဋ္ဌာန်းချက်ကိုကြိုဆိုရမည်ဖြစ်သော်လည်း၊
ငွေကြေးခဝါချမှုများနှင့် တရားဝင်ငွေမဲများ ငွေဖြူဖြစ်သွားမည်ကို သတိထားဆောင်ရွက်ရမည်
ဖြစ်ပါကြောင်း၊ ပြည်သူများ လက်ခံနိုင်သည့် နှုန်းထားနှင့်အခွန်ကို လျော့ပေါ့ကောက်ခံခြင်းအား
ဖြင့် စည်းကြပ်မှုက လွတ်ကင်းသည့် အခွန်ဝင်ငွေများ
နိုင်ငံတော်ဘဏ္ဍာထဲကို စီးဝင်လာ မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ၆ လဆိုသည့် ကာလသတ်မှတ်ချက်သည် ရုံးလုပ်ထုံး လုပ်နည်း အဆင့်များလွန်းပြီး အခွန်ယဉ်ကျေးမှုနှင့် အလှမ်းဝေးသည့် မိမိတို့နိုင်ငံသားများ
အတွက် တစ်နှစ်သတ်မှတ်ပေးသင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဘဏ္ဍာ
ရေးကဏ္ဍာတွင် ငွေကြေးစီးဝင်မှု များပြားသည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းလုပ်ငန်းများ၏
လက်ရှိ အခွန်ကောက်ခံမှုနှုန်းထား မြင့်မားနေသော်လည်း လက်တွေ့တွင် နိုင်ငံတော်က ရရှိ သည့်အခွန်အခများ
နည်းပါးနေပြီး ပြည်သူများအနေဖြင့်လည်း အိမ်၊ ခြံ၊ မြေ ၊ ၀ယ် ငှားခြင်းများ အတွက် သုံးစွဲနေရသည့်
ငွေပမာဏမှာ များပြားနေသည်ကို တွေ့မြင်ရပါကြောင်း၊
ယင်းကို ပွင်းလင်းမြင်သာ စွာရာခိုင်နှုန်း နည်းနည်းဖြင့် လူများများ အခွန်ပေးဆောင်နိုင်
အောင် ဆောင်ရွက်ခြင်းသည် အခွန်စနစ်အပေါ် ပြည်သူများ၏
ယုံကြည်မှုကို တိုးတက်လာ စေပြီး နိုင်ငံတော်အတွက်လည်း အခွန်အခများ မှန်မှန်ကန်ကန်ဖြင့် ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ ဒလမဲဆန္ဒနယ်မှ
ဒေါက်တာ စိန်မြအေး၊ ရခိုင်ပြည်နယ်မဲ ဆန္ဒနယ်
အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)၊
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှဦးမျိုးဝင်း၊ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊
ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၁၁) ဒေါက်တာခွန်ဝင်းသောင်း၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ အမရပူရမဲဆန္ဒနယ်မှ ဦးအောင်ဇော်မြင့်၊
စစ်ကိုင်းတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ် (၅) ဦးရဲထွဋ်၊ လမ်းမတော်မဲဆန္ဒ နယ်မှ ဦးခင်မောင်ဝင်း၊
ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်မဲဆန္ဒ နယ်အမှတ်(၃) ဒေါ်ရွှေရွှေစိန် လတ်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ တနသာင်္ရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မိုးဟန်၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်ဆိုင်ဟိန်း၊
ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ပုဗ္ဗသီရိမဲ ဆန္ဒနယ်မှ ဦးရည်မွန်(ခ) မောင်တင်သစ်၊
ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ် (၈)မှ ဦးကျော်ထွေးနှင့် ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ
ဦးတင်ထွန်းနိုင်တို့ က ဆွေးနွေးကြ သည်။
မျိုးမြင့်၊ မွှေးကြူဇင်
No comments:
Post a Comment