Thursday, March 8, 2018

အင်အားရစ်ခ်ျတာစကေး (၅ ဒသမ ၅) အဆင့်ရှိ မြေငလျင် လှုပ်ခဲ့သော်လည်း နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ ရေလှောင်တမံများ တစ်စုံတစ်ရာထိခိုက်မှုမရှိ


နေပြည်တော် မတ် ၈
ယနေ့နံနက် ၃ နာရီ ၄၃ မိနစ် ၈ စက္ကန့်တွင် နေပြည်တော် မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး (၅ ဒသမ ၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား သွားခဲ့သည်။

ငလျင်လှုပ်ပြီးသည်နှင့်တစ်ပြိုင်နက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံများဖြစ်သည့် ငလိုက်၊ ရေဆင်း၊ ပေါင်းလောင်း၊ ဆင်သေ၊ တောက်ပြို၊ ဖောင်းလောင်၊ သဲဖြူ၊ ချောင်းမငယ်၊ မဒန်းရေလှောင်တမံများနှင့် ဆက်စပ်ရေအား အဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှု ရှိ/မရှိ တာဝန်ကျဝန်ထမ်းများမှ အချိန်နှင့် တစ်ပြေးညီ စစ်ဆေးခဲ့သည်။
ထို့အတူ သက်ဆိုင်ရာဌာနတာဝန်ခံများမှလည်း ယနေ့နံနက်ပိုင်းတွင် အသေးစိတ် ထပ်မံစစ်ဆေး ဆောင်ရွက်ခဲ့ရာ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် စဉ်ဆက်မပြတ်လည်း ဆက်လက် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ညီညီသန်း (နေပြည်တော်)

No comments:

Post a Comment