Saturday, March 3, 2018

မြန်မာ -ဘင်္ဂလား​ဒေ့ရှ်​နှစ်​နိုင်​ငံတပ်​ရင်းမှူးအဆင့်​ ​တွေ့ဆုံ​ဆွေး​နွေး ပြန်လည်လက်ခံရေးအတွက် မြန်မာဘက်မှ ကတိပြုထားသည့် အတိုင်း ဇန်န၀ါရီ ၂၃ ရက်ကတည်းက အဆင်သင့်ဖြစ် ၎င်းတို့ဘက်မှ ပေးလိုက်သည့် လူစာရင်းကို မိမိတို့ပုံစံအတိုင်းဝင်အောင် ပြန် စိစစ်လျက်ရှိ



နေပြည်တော်  မတ် ၃ 
မြန်မာ - ဘင်္ဂလား​ဒေ့ရှ်​ နှစ်​နိုင်​ငံ တပ်​ရင်းမှူးအဆင့်​ ​တွေ့ဆုံ​ဆွေး​နွေးပွဲ ကို မတ်​ ၂ ရက်​ ည​နေ ၄ နာရီမှ ၄ နာရီ ၅၅ မိနစ်​အထိ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​ခြမ်း နှစ်​နိုင်​ငံ နယ်​စပ်​မှတ်​တိုင်​ (၃၁/၁) ​ဂေါင်းဒုံ BGB စခန်း၌ ကျင်းပခဲ့သည်​။

တွေ့ဆုံ​စဉ် ​ နှစ်​နိုင်​ငံနယ်​နိမိတ်​မျဉ်းအနီး တရားမဝင်​​ နေရပ်​စွန့်​ခွာ​နေထိုင်​သူများနှင့်​ ပတ်​သက်​၍ ကိစ္စရပ်​များ၊ နှစ်​နိုင်​ငံ ညှိနှိုင်း၍ လှည့်​ကင်း​ဆောင်​ရွက်​မည့်​ အစီအမံများ၊ နှစ် ​နိုင်​ငံ နယ်​စပ်​တစ်​​လျှောက်​တွင်​ ဖြစ်​​ပေါ်လာသည့်​ ကိစ္စရပ်​များအား အချိန်​နှင့်​တစ်​​ပြေးညီ သတင်းညှိနှိုင်းဖလှယ်​နိုင်​​ရေးတို့ကို ​ဆွေး​နွေးခဲ့ကြသည်​။
ဆွေး​နွေးပွဲသို့ အမှတ်​(၁)နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး​စော​ဇေယျာလင်း နှင့်​အဖွဲ့ဝင်​ ၉ ဦး၊ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံမှ အမှတ်​ (၃၄)  BGB တပ်​ရင်းမှူး ဒုတိယဗိုလ်​မှူး ကြီး ​မောန်​ဇူရုပ်​ဟာဆာန်​ခါန်းနှင့်​အဖွဲ့ဝင်​ ၆ ဦး တက်​​ရောက်​ကြသည်​။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  မနေ့ ညနေပိုင်းက နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာ ရှိပါတယ်။ နယ်စပ်မှာတော့ ပုံမှန်ပါပဲ။ ဒီနေ့လည်း ထူးခြားမှု အခြေအနေသတင်းပို့လာတာတော့ မရှိသေးပါဘူး။ နယ်နိမိတ်မျဉ်းမှာ ရောက်နေတဲ့သူအရေအတွက်က ၁၀၀၀ ကျော် လောက် ကျန်နေသေးတယ်လို့ သိရပါတယ်။  
ကျွန်တော်တို့ဘက်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ ဆောင်ရွက်ထားတာ ဇန်န၀ါရီလ ၂၃ ရက်နေ့ကတည်းကပါ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးစီးတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားတုံးက သူတို့ဘက် ပထမအသုတ် လွဲပြောင်း ပေးမယ် ဆိုတဲ့ အိမ်ထောင်စု ၁၆၀၀ ကျော်၊ လူဦးရေ ၈၀၀၀ ကျော်စာရင်း ပေးလိုက်တာ ရှိပါတယ်။ ဒါပေမယ့် သူတို့ပေးလိုက်တဲ့စာရင်းက သူတို့စိတ်ကြိုက်၊ သူတို့ ဖြည့်ချင် သလို ဖြည့်စွက်ထားတဲ့ပုံစံဖြစ်ပြီး  ကျွန်တော်တို့ဘက်က ပေးထားတဲ့ ပုံစံအတိုင်း   မဟုတ်လို့   အခု လ၀က  ကို ကိုယ်ပုံစံအတိုင်း ၀င်အောင် ပြန်လုပ်ခိုင်း၊ စိစစ်ခိုင်းထားပါ တယ်။ ကျွန်တော်တို့ ကတိပြုထားတဲ့အတိုင်း ကျွန်တော်တို့ဘက်ကတော့ ဇန်န၀ါရီ လ ၂၃ ရက်နေ့ကတည်းက ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ် ဟု ပြောသည်။  
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံရေးအတွက် လှဖိုးခေါင်ကြား စခန်း၊ တောင်ပြိုလက်ဝဲ နှင့် ငါးခူရ လက်ခံရေးစခန်းတို့ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၃ ရက်ကတည်းက ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြန်လည် လက်ခံမည့်သူများ တည်းခိုနေထိုင်ရေး၊ စားသောက်ရေ၊ သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ သံတမန်များ၊ ကုလသမဂ္ဂ  လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းထောက် များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး စသဖြင့် သွားရောက်ကြည့်ရှု လေ့လာ ခဲ့ကြပြီး ဖြစ်ကြောင်း သိရှိရသည်။ 
(သတင်းစဉ်)

No comments:

Post a Comment