နေပြည်တော် မတ် ၃
စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် မတ်လ (၂) ရက် နံနက်ပိုင်းတွင်
ပဲခူးတိုင်း ဒေသကြီး ၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် ( ၁၆ ) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး
သွန်းလောင်းပုံစံပြု အလုပ်ရုံတွင် ရွှေပြားကြိတ်စက် စမ်းသပ်တီထွင်မှု လုပ်ငန်းခွင် အတွင်း
ကြည့်ရှု့စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
ပန်းတောင်းမြို့နယ် ၊ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် နှင့်အတူ စက်မှုဝန်ကြီးဌာနမှ
အငြိမ်းစားဝန်ထမ်းများ အခြေ တကျ နေထိုင်နိုင်ရန် နေရာ ချထားပေးထားသည့် ကမ်းပြိုစုပေါင်း
တိုးချဲ့ရပ်ကွက်သို့ ရောက်ရှိပြီး အိမ်ရာအကွက်များ ဖော်ဆောင်ထားရှိမှု အွခေအနေကို ကြည့်ရှု့စစ်ဆေးပြီး
နေထိုင်မည့် အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံ၍ အငြိမ်းစား ၀န်ထမ်းများ၏ တင်ပြချက်များအပေါ်
ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည် ။
ထို့နောက် အမှတ် ( ၁ ) စက်မှုသင်တန်းကျောင်း
(ဆင်တဲ) သို့ရောက်ရှိပြီး Information Technology Room , CNC Shop , Car
Marchatronic Shop တို့ရှိ သင်ထောက်ကူ စက်ပစ္စည်း ကိရိယာများအား ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း
သတင်းရရှိသည် ။
သတင်းစဉ်

No comments:
Post a Comment