Tuesday, February 6, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် UNEP အမှုဆောင် ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (United Nations Environment Programme-UNEP) ၏ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် Mr. Erik Solheim သည် ယနေ့ နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ဝန်းနှင့် ပိုးလမ်းကြောင်းဆိုင်ရာ အစီအစဉ် အောက်မှ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အသုံးပြုပြီးပစ္စည်း ပြန်လည် အသုံးချမှု ဆိုင်ရာ နည်းပညာ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

No comments:

Post a Comment