နေပြည်တော် ဖေဖော်ဝါရီ ၆
သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို
ထိန်းသိမ်းကာကွယ်စောင့် ရှောက်ပေးရန်အတွက် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ
ဦးဖေချစ်၏ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝ သယံ ဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို
အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ပေးရန် ပြည် ထောင်စုအစိုးရအား
တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး
၁၃ ရက်မြောက်နေ့၌ လွှတ်တော်ကိုယ်စား လှယ်များက ၀ိုင်းဝန်းဆွေးနွေးကြသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး
က တစ်ချိန်က သယံဇာတ ပေါကြွယ် ၀လှသည့် မိမိတို့နိုင်ငံသည် Golden Land ဟု ကမ္ဘာ့အလယ်တွင် အားကျစရာဝင့်ထယ်ခဲ့ရပါကြောင်း၊
ယခုအချိန် တွင် သယံဇာတများ ပျောက်ကွယ်လုနီးဖြစ်ခဲ့ပြီး ကျိန်စာအလား ဆိုးမွေများကို
ခံစားနေရပြီဖြစ်ပါကြောင်း၊ မိမိတို့ပိုင် ဆိုင်သည့် သယံဇာတများကို အမျိုးသားရေးအကျိုးစီးပွားအနေဖြင့်
မထိန်း သိမ်းနိုင်ခဲ့၍ ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာကြီးသည် တဖြည်းဖြည်းပူနွေးလာနေပါ ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏကြီးမား လာသည်နှင့်အမျှ
ရာသီ ဥတုပြောင်းလဲနေပြီဖြစ်ပါကြောင်း၊ သစ်တောသယံဇာတဆုံးရှုံးမှုနှင့် အတူ ရာသီဥတု ပြောင်းလဲမှုကို
ဆိုးရွားစွာခံစားနေရပြီဖြစ်ပါကြောင်း၊ ကျွန်းတစ်ပင်ဖြစ်ရန် နှစ်ပေါင်း ၅၀ ကြာမြင့်သောကြောင့်
သစ်တောမပြုန်းတီးရန် သစ်ခုတ်ခွင့်များကို တားဆီးရန် လုပ်ဆောင်သင့်ပါကြောင်း၊ တိုင်းပြည်၏ဘဏ္ဍာငွေကို
သယံဇာတထုတ်ယူသုံးစွဲမှု အပေါ် မှီခိုအားထားမှုမပြုဘဲ လူသားအရင်းအမြစ်တိုးတက်ရေးကို ဦးတည်သင့်ပါ
ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အားနည်းသောကြောင့် အမျိုးသား ရေးတာဝန် တစ်ရပ်အနေဖြင့်
မိမိတို့၏ အဖိုးတန်သယံဇာတများ မစောင့်ရှောက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်
မှန်ကန်မွန်မြတ်သည့် နိုင်ငံသား အားလုံးနှင့် အကျိုးစီးပွား ဆောင်ရွက်လိုသည့် စိတ်ဓာတ်များနှင့်အတူ
တိကျပြတ်သားသည့် အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ချမှတ်ပြီး မိမိတို့နိုင်ငံ၏ သယံဇာတများကို
အမြန်ဆုံးထိန်း သိမ်းစောင့်ရှောက်ရန် တိုက်တွန်းကြောင်း ဆွေးနွေးသည်။
ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ
ဒေါ်ထုမေက မြန်မာနိုင်ငံ သည် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သောကြောင့် နိုင်ငံသူနိုင်ငံသား
များအနေဖြင့် ဖူဖူလုံလုံဖြင့် တိုးတက်သည့်ဘ၀ကို ပိုင်ဆိုင် ရမည်ဖြစ်သော်လည်း စီမံခန့်
ခွဲမှုလွဲမှားမှုများကြောင့် နိုင်ငံ၏ တချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သဘာဝ
သယံဇာတ ကျိန်စာဟု ဆိုရသကဲ့သို့ပင် သဘာဝသယံဇာတထွက်ရှိသောနေရာများ တွင် နေထိုင်ကြသော
ပြည်သူများ အနေဖြင့် ပဋိပက္ခဖြစ်ပေါ်မှုများတွင် မြေဇာပင် များအဖြစ် လူမှုဒုက္ခမျိုးစုံကို
ခံစားလျက်ရှိဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည် တန်ဖိုးကြီး သယံဇာတ အမြောက်အများထွက်ရှိသော်လည်း
နိုင်ငံသားတို့၏ လူသားဖွံ့ဖြိုး တိုးတက်မှု အဆင့်သည် နိမ့်ကျနေဆဲဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်း ပြန်လည်အစားထိုးဖြည့်တင်း၍မရနိုင်သော
သဘာဝသယံ ဇာတဖြစ်သည့် ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ တွင်းထွက်နှင့် ကျောက်မျက်ရတနာများအား ပြည်သူအကျိုးဖြစ်ထွန်းစေရန်
မူဝါဒများမပြည့်စုံသရွေ့ ထုတ်လုပ် မှုများအားဆိုင်းငံ့ ရန်လိုအပ်ပါကြောင်း၊ သဘာဝသစ်တောများ
ပြုန်းတီးခြင်းနှင့် ပတ်သက်၍ ဇုံများအ လိုက် စနစ်တကျ အစားထိုးစိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ
အချိန်မီဆောင် ရွက်မှုများ ပြုလုပ်ရန် အရေးကြီးပါကြောင်း၊ ထိန်းသိမ်းခြင်းဆိုသည်မှာ မလိုအပ်ဘဲ မထုတ်လုပ်ခြင်းနှင့် အလွန်အကျွံမထုတ်လုပ်ခြင်းတို့
ပါဝင်ပါကြောင်း၊ ကာကွယ်ခြင်း အနေဖြင့် တရားမ၀င်မထုတ်လုပ်ရန် ဆောင်ရွက်ခြင်း၊ စောင့်ရှောက်ခြင်းများကလည်း
အရေးကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ပါကြောင်း၊ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးရန်
တရား မ၀င်သော တစ်နည်းနည်းဖြင့် ကိုယ်ကျိုးစီးပွားဆောင်ရွက်လျက် ရှိသော မည်သည့်အဖွဲ့အစည်းနှင့်
မည်သူကိုမဆို စံပြအနေဖြင့် အရေးယူဆောင်ရွက် မှုများကို ပြုလုပ်ရန်လိုပါကြောင်း ဆွေးနွေးသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ဧရာ ၀တီတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့်
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့်
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်
ဆက်လက်ဆွေးနွေးရန် လျာထားကြောင်းသိရသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ
ဦးတင်အောင် ထွန်း၏ မြို့နယ်တရားရုံးတွင် ပေးဆောင် ခဲ့ရသည့် ဒဏ်ငွေကို တိုင်းဒေသကြီး
တရား လွှတ်တော်က ပြန်လည်ထုတ်ပေးစေသည့် အမိန့်ပါရှိရာတွင် သက်ဆိုင်သည့် အမှုသည် ထံသို့
အမှန်ကန်ဆုံးနှင့် အမြန်ဆုံး ပြန်လည်ထုတ်ပေးနိုင်ရန် မည်ကဲ့သို့စီမံဆောင်ရွက် ပေးမည်နှင့်
အခြားသော သက်သေခံပစ္စည်း၊ ငွေကြေးတို့ကို ပြန်လည်ထုတ်ပေးရာ၌
လည်း မှန်ကန်၊ မြန်ဆန် စေရန်ဆောင်ရွက်ပေးနိုင်မှုရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း၍
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် က မင်းဘူးမြို့နယ် တရားရုံး၏ ပြစ်မှုကြီးအမှတ်တို့ဖြင့် မြို့နယ်တရားရုံးက ၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်တွင်
ပြစ်မှု ထင်ရှား စီရင်သည့်အမိန့်အရ တရားခံ ၆ ဦးထမ်းဆောင်ခဲ့သည့် ဒဏ်ငွေစုစုပေါင်း ငွေကျပ်
၃၀၀၀၀၀၀ ကို မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်တွင် ပေးသွင်းခဲ့ပါကြောင်း၊ လျှောက်ထား ခံရသူများအပေါ် ၂၀၁၂ ခုနှစ် အရေးကြီး
ကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အလုပ်နှင့်ထောင်ဒဏ်
၆ လစီ ကျခံကြ စေရန်နှင့် ငွေဒဏ် ၂၀၀၀၀ စီပေးဆောင်ကြစေရန်၊ ဒဏ်ငွေမဆောင်ပါက နောက်ထပ်
ထောင်ဒဏ် ၆ လစီ ကျခံကြစေရန်နှင့် တရားခံများမှ မူလရုံးတွင် ဒဏ်ငွေဆောင်ပြီး ဖြစ်ပါက
ပြန်လည်ထုတ်ပေးစေရန် ပြင်ဆင် အမိန့်ချမှတ်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသ ကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ
၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်တွင် မကွေးတိုင်းဒေသ ကြီး တရားရေးဦးစီးမှူးရုံး၏ ၂၀၁၆-၂၀၁၇
ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း သာမန်ရငွေ၏ နှုတ်-၅၀ ပြန်ပေးငွေ ခေါင်းစဉ်အောက်တွင် ငွေကျပ် ၁၀၀၀၀၀ သာ လျာထားကြောင်း စိစစ်တွေ့ရှိရ၍
လျာထားငွေ လုံလောက်မှုမရှိပါသဖြင့် ထုတ်ယူ၍ မရပါကြောင်းပြန်ကြားခဲ့ပါကြောင်း။
ထိုအမှု ၆မှု မှ ဒဏ်ငွေကျပ် ၃၀၀၀၀၀၀ ကို ပြန်လည် ထုတ်ယူခွင့်ပြုရန်
တရားရေးဦးစီးမှူးရုံးမှ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ စာဖြင့်ထပ်မံ၍ အချိန်မီတင်
ပြတောင်း ခံနိုင်ခဲ့ခြင်းမရှိသည့်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ထုတ်ယူနိုင် ခြင်းမရှိခဲ့ပါကြောင်း၊
၂၀၁၇ ခုနှစ် သြဂုတ် ၁၄ တွင် ငွေကျပ် ၅၀၀၀၀၀၀ကို
ထပ်မံဖြည့်စွက် တင်ပြတောင်းခံထားရှိခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတရားရေးဦး စီးမှူးရုံးက ၂၀၁၇
ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က မင်းဘူးမြို့နယ်တရားရုံးသို့ ထိုအမှု ၆ မှုမှ သက်သေခံငွေစုစုပေါင်း
ငွေကျပ် ၃၀၀၀၀၀၀ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ၏ ငွေထုတ်စာရင်းတွင်
ပေးသွင်း ထားသည်ကို စိစစ်တွေ့ရှိရသဖြင့် အဆိုပါဒဏ်ငွေများကို သက်ဆိုင်သူ တရားခံ ၆ ဦး
တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၀ စီဖြင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၅ ရက်တွင် ပြန်လည် ထုတ်ပေးပြီးဖြစ်ပါကြောင်း၊
သက်ဆိုင်ရာအမှုကို အယူခံဝင်ရောက်ခြင်း မရှိပါက အယူခံ ၀င်ခွင့်ကာလ ကုန်ဆုံးပြီးနောက်
ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း၊ အယူခံပြင် ဆင်မှု တက်ရောက်သော အမှုများတွင် ယင်းအမှုများ
ဆုံးဖြတ်ပြီးစီးသည် အထိ စောင့်ဆိုင်း၍ အမြန်ဆုံးစိစစ်ထုတ်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သင်ပုန်းတန်း အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်
အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ်
အဆင့်တိုးမြှင့် ပေးရန် သတ်မှတ်ချက်မှာ ထက်ဆင့် သင်ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအထိရှိရ
မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများဖြစ် ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့်
၁၀ မိုင်အထက်ကွာဝေးရမည်ဖြစ်ကြောင်း၊ စစ်တွေမြို့နယ် သင်ပုန်းတန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ
အထက်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၁၂၆ ဦးသာရှိပြီး ပင်မကျောင်းဖြစ်သည့် မင်းဂံ
အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းနှင့် ၇ မိုင်သာကွာဝေးသည်ကို တွေ့ရှိရပါကြောင်း၊
သင်ပုန်းတန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် ကျောင်းအဆင့်တိုးမြှင့်ခြင်း ဆိုင်ရာ
သတ်မှတ်ချက်နှင့် ကိုက်ညီရန် လိုအပ်ချက်ရှိသေးသော်လည်း ဒေသဖွံ့ဖြိုးရေး ကို ရှေးရှု၍ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုအခွင့်အလမ်းများ
တိုးမြှင့်ရရှိရေး တို့အတွက် ဖြေလျော့စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်
အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် အလေး အနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ
ဦးစိုင်းစံအောင်၏ အခြေခံ ပညာမူလတန်းကျောင်း(မော်ဟွေ့)ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်
ကျောင်းအဆင့် မြှင့်တင်ပေးရန်အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန
ဒုတိယ၀န် ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၁၄ ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment