တောင်ကြီး
ဖေဖော်ဝါရီ ၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းသည် ယနေ့နံနက် (၉)နာရီတွင် ရှမ်းပြည်နယ် အစိုးရုံး၊ အစည်းအဝေးခန်းမတွင်
ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့မှ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက် လာကြသော ရှမ်းပြည်နယ် ဝန်ကြီးများမှ ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး
အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေး တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စု
ဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင် ၂၀၁၈- ၂၀၁၉ စီမံကိန်း ရည်မှန်းချက်များ ရေးဆွဲရာတွင်
ပြည်နယ် အစိုးရမှ ကိန်းဂဏန်းများကို တိကျမှန်ကန်စွာ ရေးဆွဲရန် လိုကြောင်း၊ ပြည်နယ်
ဝန်ကြီးများမှ တင်ပြသော ကိန်းဂဏန်းများအား ပြည်နယ် အစိုးရအနေဖြင့် သေခြာစွာ စိစစ်၍
ဗဟိုသို့ တင်ပြရန် လိုပါကြောင်း၊ သို့မှသာ ပြည်သူလူထု လိုလားသော စီမံကိန်းများ ဖြစ်ပေါ်လာမှာ
ဖြစ်ကြောင်း၊ စိုက်ပျိုးရေး/ မွေးမြူရေး/ လမ်းပန်း ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် စီမံကိန်းများနှင့်
ပတ်သက်၍ အသေးစိတ် ဆွေးနွေး ပြောကြားခဲ့သည်။
SMEs လုပ်ငန်းများနှင့် ပတ်သက်၍ SMEs
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်နယ်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ခြင်း
ဖြစ်၍ SMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊
ငွေကြေးနှင့် နည်းပညာတို့ကို ပြည်နယ်အစိုးရမှ စီးပွားရေး လုပ်ငန်းရှင်များအား ပံ့ပိုးပေးစေလိုကြောင်း၊
ဦးစားပေး ပေါ်လစီများကို ချမှတ်၍ မြို့နယ် အလိုက်ရှိသည့် SMEs လုပ်ငန်းများကို မြန်မာ့စီးပွားရေး
ဘဏ်များနှင့် ချိတ်ဆက်ပြီး လိုအပ်သည့် မြေနှင့် ချေးငွေများကိုရရှိအောင် ဆောင်ရွက်ပေးနှင့်
ကဏ္ဍအလိုက် ရှိသည့် SMEs လုပ်ငန်း များကို မြေတောင် မြှောက်ပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
တောင်ကြီးမြို့၊ အေးသာယာ စက်မှုဇုန်၌ လုပ်ငန်းရှင်များနှင့် လည်းကောင်း၊ ရှမ်းရိုးမ
မွေးမြူရေးဇုန်၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment