ရန်ကုန် ဖေဖော်ဝါရီ ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်း ပသော
“Reorienting Myanmar Studies in Myanmar” နိုင်ငံ တကာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနား
ကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသား ပြတိုက်၊ ပထမထပ်၊ ဘက်စုံခန်းမ၌ ယနေ့ နံနက်
၉ နာရီတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ကြီးဌာနမှ
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် ပြည်ပမှ စာတမ်းရှင်များနှင့် အခြားဖိတ်ကြား ထားသော
ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က
“Reorienting Myanmar Studies in Myanmar” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းဖြင့်
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ ဖော်ထုတ်ထိန်းသိမ်းရေး၊ မြှင့်တင်ရေးတို့
သာမက တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရန် နှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်
ဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည့် တစ်ဆက်တစ်စပ်တည်းသောမြန်မာသမိုင်း ဖြစ်ပေါ်လာစေရေးတွင်
ကွက်လပ် ဖြစ်နေသည်များကို ဖြည့်စွက် ရန်ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲကို မြန်မာသုတေ သီများနှင့်
နိုင်ငံတကာမှ သုတေသီများ၏ အတွေ့အကြုံ အသိအမြင် ဗဟုသု တများဖလှယ် ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသော
ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန်၊ ဌာနဝန်ထမ်း များ၏ သုတေသနအရည်အသွေးများ တိုးတက်မြင့်မားလာစေရန်၊
မြန်မာသမိုင်းအပြင် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေး၊ ယဉ်ကျေးမှုအရ ဆက်စပ်ခဲ့သော
သမိုင်းကွင်းဆက် များ ပိုမိုသိရှိစေရန် စသည့်ရည်ရွယ်ချက်များ ထားရှိပြီး မြန်မာနိုင်ငံတွင်
ဖြစ်ပေါ်ထွန်းကား ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းအထောက်အထားများကို မြန်မာပညာရှင်များ၏
လေ့လာ သုံးသပ်ချက်များသာမက နိုင်ငံတကာပညာရှင်များ၏ လေ့လာသုံးသပ်ချက် များကိုပါ သိရှိနိုင်ရန်အတွက်
ယခုကဲ့သို့ “Reorienting Myanmar Studies in Myanmar” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲ
ကျင်းပ ခြင်းဖြစ်ကြောင်း၊ သုတေသနဆိုသည်မှာ ယခင်က သုတေသနပြုချက်များ၏ ရလာဒ်များကို ယခုသုတေသနပြု
ချက်များနှင့် ပြန်လည်နှိုင်း ယှဉ်လေ့လာခြင်း၊ လိုအပ်ချက်များကို ဖြည့်စွက်ခြင်းများသည်
သုတေသီများ၏ တာဝန်ဖြစ် ကြောင်း၊ ထို့ကြောင့် ယခုစာတမ်းဖတ်ပွဲတွင် နိုင်ငံတကာမှ သုတေသနပညာ
ရှင်များနှင့် ဆွေးနွေး ဖလှယ်ကြခြင်းဖြင့် အတွေးသစ် အမြင်သစ်များ ပေါ်ထွက် လာမည်ဟု ယုံကြည်
ပါကြောင်း ပြောကြားသည်။
ဆက်လက်၍
သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က
နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး ဦးထွန်းအောင်ချိန်က
စာတမ်းဖတ်ကြားရခြင်း၏ အဓိကအကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် စာတမ်းရှင်များကိုယ်စား
Dr. Gustaaf Houtman က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားသည်။
အဆိုပါစာတမ်းဖတ်ပွဲတွင်
ပြည်တွင်းနှင့်ပြည်ပပညာရှင်များက သုတေသန စာတမ်း (၁၄) စောင် ဖတ်ကြားမည်ဖြစ်ပြီး စာတမ်းဖတ်ပွဲကို
ဖေဖော်ဝါရီ(၆)ရက်အထိ (၂) ရက်ကြာ ကျင်းပ သွားမည်ဟု သတင်း ရရှိသည်။

No comments:
Post a Comment