Monday, February 5, 2018

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် လူမှုရေး အသင်း အဖွဲ့များတွေ့ဆုံ




ကလေး  ဖေဖော်ဝါရီ  
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်နှင့် ကလေးမြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့ များတွေ့ဆုံ
ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ် စုပေါင်းရုံး၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က ကလေးမြို့တွင်းရှိ လူမှုရေး အသင်း အဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်မည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း စဉ်များအား အကျယ်တ၀င့်ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိ သူများက သဘာဝဘေးအန္တရာယ် ရေဘေးကိစ္စနှင့် မူးယစ် ဆေးဝါးသုံးစွဲသူ များအတွက် ပြန်လည် ပြုစုပျိုးထောင်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍  ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment