နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြန်ကြားရေးဝန်ကြီးဌာနနှင့်
Panna Institute၊ Konrad Adenauer Stiftung တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာ
စီမံခန့်ခွဲမှုသင်တန်း (Civil Service Training) သင်တန်းဆင်းပွဲကို ယနေ့ ညနေ ၄ နာရီခွဲတွင်
ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် ယခု သင်တန်းတွင်
နိုင်ငံ့ဝန်ထမ်း အရာရှိများကို အရည်အသွေးမြင့်မားရန် ရည်ရွယ်ချက်ဖြင့် ခေတ်မီ အရပ်ဘက်အုပ်ချုပ်ရေး
နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ပညာရပ်များကို စနစ်တကျ ထည့်သွင်းပို့ချခဲ့သဖြင့်
မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးသော သင်တန်းတစ်ခု ဖြစ်ပါကြောင်း။ ဤသင်တန်းမှ ရရှိခဲ့သည့်
အသိပညာဗဟု သုတများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိထိ ရောက်ရောက် အသုံးချရန်သာမက သက်တန်းတက်ခွင့်
မရရှိသည့် လုပ်ဖော်ကိုင်ဘက်များကိုပါ လက်ဆင့်ကမ်းမျှဝေပေး စေလိုကြောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက်
မိမိတို့အားကူညီပံ့ပိုးပေးခဲ့ကြသည့် Panna Institute နှင့် Konrad Adenauer
Stiftung တို့အား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ
ဦးဌေးဝင်းနိုင်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးထံ ပေးအပ်ပြီး၊ သင်တန်းသားများကိုယ်စား
နောက်သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
(သတင်းစဉ်)

No comments:
Post a Comment