Friday, February 23, 2018

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးနှင့် စပိန်နိုင်ငံသံအမတ်ကြီးတို့ သံအမတ်ခန့်အပ်လွှာ များပေးအပ်


နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ လီဆန်ဟွာ သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အလားတူ နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ စပိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အီမီလီယို ဒယ်မီဂဲလ် ကာလာဗီးယား သည် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် တို့တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment