Friday, February 16, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဥရောပပါလီမန်၊ လူ့အခွင့်အရေး ဆပ် ကော်မတီဥက္ကဌဖြစ်သူ Mr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ




နေပြည်တော် ဖေဖော်ဝါရီ ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ် ကော်မတီဥက္ကဌ ဖြစ်သူ Mr. Pier Antonio Panzeri နှင့်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ၀န်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဖွံ့ဖြိုးမှုနည်းပါးသော ရခိုင်ပြည်နယ် အား ဦးစားပေး အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစား ရသူများအတွက် လူသားချင်းစာနာမှု အကူအညီများအား မိတ်ဖက်နိုင်ငံများ၊ မိတ်ဆွေအဖွဲ့ အစည်းများ၊ ပြည်သူများ၏ အကူအညီဖြင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ တည်ထောင် ထားပြီး လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ၂၀၁၆ ခုနှစ်၊ မေလမှ စတင်၍ အကောင် အထည် ဖေါ်ဆောင်ရွက်နေမှုများ၊
UEHRD ၏ ရည်ရွယ်ချက်များဖြစ်သည့် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ ဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်များကို ဥပဒေနှင့်အညီ ခံစားရရှိစေရန် အကောင်အထည်ဖေါ်နေမှုများ၊ ၂၀၁၇ ခုနှစ်က တည်းကရှိခဲ့သော IDP စခန်းများ ပိတ်သိမ်းရေး ကြိုးပမ်းနေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစခန်းများတွင် စီစဉ်ထားရှိ ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ အကောင်အထည်ဖေါ်လျက်ရှိသည့် ကျေးရွာစီမံကိန်းများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသောနေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ပါဝင်မှုနှင့် အခြားကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment