နေပြည်တော်
ဖေဖော်ဝါရီ ၁၆
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ဥရောပ ပါလီမန်၊
လူ့အခွင့်အရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ
Mr.Pier Antonio PANZERI ဦးဆောင်သည့် ဥရောပပါလီမန် ကော်မတီပေါင်းစုံမှ ပါလီမန်အမတ်များ
ပါဝင်သည့် အဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီတွင်
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး
ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း
သတင်း ရရှိသည်။

No comments:
Post a Comment