နေပြည်တော်။ ဖေဖော်ဝါရီ
၁၆
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် ဂျပန်-မြန်မာချစ် ကြည်ရေးအသင်း၏ ဥက္ကဌ Mr. Hideo Watanabe နှင့်အဖွဲ့အား
ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးခန်း၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဥက္ကဌ
Mr. Hideo Watanabe က မြန်မာ နိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်
မြန်မာနိုင်ငံမှ အားကစားသမားများ အောင်မြင်မှုရရှိစေရေး ကူညီဆောင်ရွက်ပေးလိုကြောင်း၊
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပြုစုရေးသင်တန်းကျောင်း ဖွင့်လှစ်၍
မြန်မာနိုင်ငံ သားများကို လေ့ကျင့်သင်ကြားပေးပြီး ဂျပန်နိုင်ငံသို့ လာရောက် လုပ်ကိုင်နိုင်ရေး၊
သီလဝါ အထူးစီးပွားရေးဇုံအတွင်း ဆေးခန်းတစ်ခုဖွင့်လှစ် နိုင်ရေး၊ ရန်ကုန်မြို့တွင် နိုင်ငံတကာ
အဆင့်မီ အထူးကုဆေးရုံတစ်ရုံ ဆောက်လုပ်ပေးနိုင်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား
သွားစိုက်ခုံများလှုဒါန်းမည့် အစီအစဉ်များကို ပြောကြားဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက
အားကစားနှင့် ကျန်းမာရေးကဏ္ဍအတွက် ထောက်ပံ့ကူညီနေမှုများကို ကျေးဇူးတင်ပါကြောင်း၊ ဂျပန်အားကစားနည်းပြများ
မြန်မာနိုင်ငံသို့ လာရောက်ပြီး လေ့ကျင့် သင်ကြား ပေးလိုပါက ကြိုဆိုပါကြောင်းနှင့် လိုအပ်သည်များကို
ထောက်ပံ့ပေးသွားရန် အသင့် ရှိပါကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပြုစုရေးသင်တန်းကျောင်းများ
ဖွင့်လှစ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန အချင်းချင်း ဆက်သွယ်ညှိနှိုင်း၍ အကောင်အထည်
ဖော်ဆောင်ရွက်သွားလိုကြောင်းဖြင့် ပြောကြား ကြကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment