Sunday, February 25, 2018

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မန္တလာဒီဂရီကောလိပ် BTHM (Bachelor of Tourism and Hospitality Management) မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးဌာနရှိ ကျောက်စိမ်း ခန်းမ မန္တလေး၊ မန္တလာ ဒီဂရီကောလိပ်တွင် ပညာ သင်ကြားနေသော ဝိဇ္ဇာဘွဲ့ (ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ - BTHM) အထူးပြု ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၁ခုနှစ်တွင် နိုင်ငံအတွင်းနိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ စတင်ခဲ့ပြီး နောက်ပိုင်းနိုင်ငံတကာမှ ခရီးသွားဧည့်သည်များ အရှိန်အဟုန်နှင့် ပိုမိုဝင်ရောက် လာခဲ့သည့်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်နိုင်ရန် ရည်ရွယ် B.A(Tourism)(၄)နှစ်ဘွဲ့သင်တန်း အစီအစဉ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန နှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ၂၀၁၂-၂၀၁၃ပညာ သင်နှစ်မှ စတင်ကာ အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် (ရန်ကုန်) နှင့် မန္တလာ ဒီဂရီကောလိပ် (မန္တလေး) တို့တွင် ဖွင့်လှစ်ခဲ့ကြောင်း။
ယခုအခါ  B.A (Tourism) ဘွဲ့ရပြီးသူ 1st Batch မှ (၂၂) ဦးနှင့် 2ndBatch မှ (၁၃)ဦးကို ဝန်ကြီးဌာနခန့်အပ်ပြီး ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင် နေကြပြီဖြစ်ပါကြောင်း၊ 1st Batchမှ ဝန်ထမ်း(၁၀)ဦးကို ပြည်ပအစည်းအဝေးများ၊ ဆွေးနွေးပွဲနှင့် Travel Show များသို့ အတွေ့အကြုံ ရရှိစေရန် စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုB.A (Tourism)ဘွဲ့မှ BTHM(Bachelor of Tourism and Hospitality Management) ဘွဲ့အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းနှင့် ပိုမိုကိုက်ညီမှု ရှိပါကြောင်း၊ ယခုအခါတွင် ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ခရီးစဉ်အသစ်များ ဖော်ထုတ် ရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုအရည် အသွေး ပြည့်ဝသောTourism Professional များ ဖြစ်လာစေရေးအတွက် ယခင်ထက်ပိုမိုစာတွေ့လက်တွေ့များဖြင့် သင်ကြား ပေးစေလိုကြောင်း၊ နောင်တွင်လည်း Master Program ကိုပံ့ပိုးပေးနိုင်ရန် ကိုက်ညီသော သင်ရိုးညွှန်းတမ်းကို Luxembourg Development ၏ အကူအညီဖြင့် ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လည်းခရီးသွားလုပ်ငန်း ဆိုင်ရာ ဘာသာရပ် အပြင်၊ အင်္ဂလိပ်စာနှင့် တခြားသော ဘာသာစကားများ၊ IT နည်းပညာရပ် များကိုပါ ပူးတွဲ လေ့လာ ကြိုးစားသင်ယူစေလိုကြောင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အဆင်သင့်ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်မန္တလာဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးမှ ကျောင်း၏ သမိုင်းကြောင်းနှင့် လက်ရှိ သင်ကြားပို့ချပေးနေမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် ပညာပေးရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဦးအောင်သူမှ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် ဧည့်လမ်းညွှန် အခြေခံသင်တန်း ပို့ချပေးနေမှု၊ သင်တန်းသား ရွေးချယ်မှုနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော B.A (Tourism) 1st Batch မှ ဝန်ထမ်း(၄)ဦးက တို့၏ ပြည်ပ ခရီးအတွေ့အကြုံများ နှင့်လက်ရှိ လုပ်ငန်းခွင်အတွေ့အကြုံ များအား ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသော မန္တလာ ဒီဂရီကောလိပ်မှ BTHM မှ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ ကိုမေးမြန်းခဲ့သည်။ ဆက်လက်ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment