နေပြည်တော် ဖေဖော်ဝါရီ ၂၃
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏
ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့
ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေ စာရင်း
ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်း
ကော်မတီတို့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်မှ လုပ်ငန်းရှင်များ၊ NLD စီးပွားရေး ကော်မတီမှ အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ
ဆောက်လုပ်ရေးလုပ်ငန်းအသင်းနှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ
သည်။
(သတင်းစဉ်)

No comments:
Post a Comment