ရန်ကုန်
-ဖေဖော်ဝါရီ ၂၄
စာကောင်းပေမွန် လေ့လာလိုသူများ အတွက်
မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေရေး ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့်
(၁၂)နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေး
ခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်
အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေရေး
ကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း (မောင်ဇေယျာ)က ယခုဘဏ္ဍာနှစ် အတွင်း ပထမဆုံး (၃) တွဲ
ထုတ်ဝေ နိင်ရေး စီစဉ် ဆောင်ရွက် ထားရှိမှုများနှင့် ဒုတိယတွဲနှင့် တတိယတွဲတွင် ပါဝင်မည့်
စာအုပ်စာရင်း အတည်ပြုပေးနိုင်ရေး စသဖြင့် မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေရေးနှင့် ပတ်သက်၍
ဆွေးနွေး တင်ပြသည်။
ယင်းနောက် တက်ရောက် လာကြသည့် စာပေ ပညာရှင်ကြီးများနှင့်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနတို့မှ တာဝန် ရှိသူများက ပြန်လည် ဆွေးနွေး တင်ပြကြရာ
ပြည်ထောင်စု ၀န်ကြီးက မြန်မာစာအုပ် ၁၀၀ စာစဉ် ပထမတွဲ ထွက်ရှိနိုင်ရေး၊ ကဗျာနှင့် ၀တ္တုတိုများ
ရွေးချယ်ရာတွင် ဆောင်ရွက်သင့်သည့် အချက်များကို ဆွေးနွေးမှာကြားပြီး ပေါင်းစပ် ညှိနှိုင်း
ဆောင်ရွက် ပေးသည်။
မြန်မာစာအုပ် ၁၀၀ စာစဉ်တွင် ၀တ္တုရှည်၊
ဝတ္တုတို၊ ကဗျာ၊ အက်ဆေး၊ ပြဇာတ်၊ စာပဒေသာ စသဖြင့် ကဏ္ဍများ ပါဝင်ပြီး ပထမဦးစွာ မြန်မာဝတ္တုရှည်များ
ပါဝင်သည့် အတွဲကို ယခုနှစ်အတွင်း ထွက်ရှိအောင် စီစဉ်လျက် ရှိကြောင်း သိရသည်။
ထို့နောက် မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည်
ထုတ်ဝေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပရာ မြန်မာ့ စွယ်စုံကျမ်းများ
ပြန်လည်ထုတ်ဝေရေး ဦးဆောင် ကော်မတီ နာယက ဦးသိန်းထွန်းက ထွန်း ဖောင်ဒေးရှင်းက ဆောင်ရွက်မည့်
လုပ်ငန်းများ ၊ အတွင်းရေးမှုး ဒေါက်တာ စန်းဝင်း က မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) ပြန်လည်
ထုတ်ဝေရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနမှ
ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးကိုကိုနိုင်က မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) ပြန်လည် ထုတ်ဝေရေး
အတွက် စာပေဗိမာန် စာတည်း အဖွဲ့ဝင်များ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း
တင်ပြကြရာ မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး ဦးဆောင် ကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေမြင့်က တိုင်းဒေသကြီးနှင့် ပြည်နယ် ဆိုင်ရာ အချက်အလက်များ၊ တိုင်းရင်းသား
လူမျိုးစုများနှင့် ပတ်သက်သည့် အချက်အလက်များကို စနစ်တကျ ပြုစုပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်
ပြည်နယ်များနှင့် ဆက်သွယ် အတည်ပြုရန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့်
တိုင်းရင်းသား လူမျိုးစုများ၏ စာပေ ယဉ်ကျေးမှု ဖွဲ့ဖြိုးရေး ပွဲတော်မှ ရရှိသည့် အချက်အလက်များကို
ကိုးကား အတည်ပြုရန် စသဖြင့် မှာကြားသည်။
(သတင်းစဉ်)

No comments:
Post a Comment