မောင်တော ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုသည် ဖေဖော်ဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှတစ်ဆင့် ဘူးသီးတောင် မြို့နယ်သို့
ရေကြောင်းခရီးဖြင့် ရောက်ရှိကြပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
အတူ မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားကျေးရွာများ ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို
မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ အိုးထိန်း၊
သစ်တုံနားခွဆုံ၊ ခုံတိုင် ၊မြဝတီနှင့် မင်းကြီးရွာ(ရွာသစ်) ကျေးရွာများ၌ တည်ဆောက်ရေး
လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာလုပ်ငန်းများ
သတ်မှတ်ချိန် အတွင်းပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး ကြိုးပမ်းလုပ်ဆောင်ရန်
ဝန်ကြီးချုပ်က မှာကြားပြီး ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များတင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျေးရွာများတွင် ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် အစရှိသည့်
တိုင်းရင်းသားများနှင့် နေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိ လာကြမည့်သူများအား နေရာချထားပေးမည်ဖြစ်ကြောင်း
သိရသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၄)၌ ဟိန္ဒူဘာသာဝင် များ နေထိုင်ရန်အတွက်
နေအိမ်များ ပြန်လည်တည်ဆောက်ရန် မြေနေရာပြုပြင်ထားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး
ဇောတိကာရုံဘုန်းကြီး ကျောင်းအနီး၌နေအိမ်များ တည်ဆောက်နေမှုကိုလည်းကောင်း၊ ကိုင်းကြီးရွာ၌
စာသင် ကျောင်းနှင့် နေအိမ်များ တည်ဆောက်နေမှုကိုလည်းကောင်း၊ ကျောက်ပန္ဒူနှင့် အင်းဒင်ကျေးရွာများတွင်
နေအိမ်များ တည်ဆောက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ အိမ်ယာများသတ်မှတ်ချိန်အတွင်း
ပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး လုပ်ဆောင်ရန်မှာကြားပြီး ဒေသခံပြည်သူများ၏
လိုအပ်ချက်များတင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည်
အငူမော်ရှိ အေးရှားဝေါလ်ကုမ္ပဏီသို့ ရောက်ရှိပြီး မောင်တော-အငူမော်လမ်း တည်ဆောက်နေမှု
အခြေအနေများကို မေးမြန်းရာ လမ်းဦးစီးဌာနနှင့် ကုမဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး
ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားကာ အငူမော်မှတစ်ဆင့် စစ်တွေမြို့သို့ ရေကြောင်းခရီးဖြင့်
ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
(သတင်း-ဟိန်းဇော်ထက်၊
ဓာတ်ပုံ-ရာမည)

No comments:
Post a Comment