Friday, February 23, 2018

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကျူးဘားနိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကျူးဘားသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟက်တာကော်နီဒီ အယ်လ်မေးဒါးအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကျူးဘားနိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ကျူးဘားနိုင်ငံ ခရီးသွားမြှင့်တင်ရေးပြပွဲများတွင် ပါဝင်ပြသ ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်နိုင်ရေး၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအား အကူအညီ ပေးနိုင်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment