နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်သူ့လွှတ်တော်၊
လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည်
Policy Alternatives Research Institute (PARI) အဖွဲ့အားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ
လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မူဝါဒရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment